Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ်ကစစ်ရှောင်ဘုန်းကြီးကျောင်းစစ်တပ်ဗုံးကြဲလို့ ပြည်သူ ၃၀ကျော်သေဆုံး

စစ်ဘေးရှောင်တွေရှိနေတဲ့ စစ်ကိုင်းမြို့နယ်၊လင်းတလူးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၃၀ကျော် သေဆုံးပြီး ဒဏ်ရာရသူများပြားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

လင်းတကူးရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Nay P Latt/FB

ဇူလိုင် – ၁၁၊၂၀၂၅ ၊ မေ/People Spring

စစ်ဘေးရှောင်တွေရှိနေတဲ့ စစ်ကိုင်းမြို့နယ်၊လင်းတလူးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၃၀ကျော် သေဆုံးပြီး ဒဏ်ရာရသူများပြားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

ဇူလိုင် ၁၁ရက် ဒီနေ့ မနက်စော ၁နာရီကျော်မှာ လင်းတလူးကျေးရွာကို စစ်‌ကောင်စီက ၂ကြိမ်‌‌တိုင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ဗုံးကြဲခံရမှုမှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၃၀ကျော်သေဆုံးကြောင်း ကနဦးသိရပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ် တနေ့လုံးနီးပါး စစ်ကိုင်းမြို့နယ်ကို ပျံဝဲခဲ့ပြီး ဒီကနေ့ ဗုံးကြဲခဲ့တာလို့ ဒေသခံတစ်ဦး ကပြောပါတယ်။

“ညက စစ်ကိုင်းဘက်က ည၉နာရီလောက် ကတည်းကအသံတွေ တအုန်း အုန်းကြားတယ်။အုန်းတောကစစ်ကြောင်းလည်း မနေ့ကတည်းကတိုက်ပွဲဖြစ် နေတယ်”လို့ ဒေသခံတစ်ဦး ကပြောပါတယ်။

” ဒီနေ့ 11.7.2025 မနက် ၁ နာရီခန့်မှာ စစ်ကိုင်းမြို့နယ် လင်းတလူးကျေးရွာရှိ စစ်ဘေးရှောင်တွေရှိရာဘုန်းကြီးကျောင်း ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခံရ၊ လောလောဆယ် စစ်ဘေးရှောင်ကလေးလူကြီးစုစုပေါင်း ၃၀ ခန့်သေဆုံး၊ နောက်ထပ်သေဆုံးများရှိနိုင်သလို ဒဏ်ရာရလည်းများပြားနိုင်”လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သူ့ရဲ့လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

စစ်ကိုင်းမြို့နယ်မှာ မင်းကွန်း၊မန္တလေး- ရွှေဘိုလမ်း(အုန်းတော)အထွက်တွေမှာ စစ်ကောင်စီတပ် စစ်ကြောင်း တွေရှိနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။