Connect with us

Hi, what are you looking for?

သတင်း

ပျော်ဘွယ်မြို့ရှိ စစ်တပ်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး အရာခံဗိုလ်အပါအဝင် လေးဦးသေဆုံး

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့ရှိ စစ်ကောင်စီ​၏ ဂိတ်စခန်းအား တိုက်ခိုက်ရာ အရာခံဗိုလ် အပါအဝင် လေးဦးသေပြီး သေနတ်သုံးလက်ရရှိကြောင်း အောင်ဆန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ဆေးရေးဂိတ်မှ သိမ်းရသော လက်နက်နှင့် တော်လှန်ရေးရဲဘော်များ စီးနင်းတိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Screen Grab

ဇူလိုင်-၁၅၊၂၀၂၅။ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့ရှိ စစ်ကောင်စီ​၏ ဂိတ်စခန်းအား တိုက်ခိုက်ရာ အရာခံဗိုလ် အပါအဝင် လေးဦးသေပြီး သေနတ်သုံးလက်ရရှိကြောင်း အောင်ဆန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဇွန်လ ၂၆ ရက်က ညောင်ကုန်းရဲစခန်းအနီး ဆပ်ကြေးကောက်နေသည့် စစ်ကောင်စီဂိတ် စခန်းကို ဝင်ရောက်စီးနင်းခဲ့ခြင်းဟု ဆိုသည်။

ဂိတ်စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားလေးဦး၊ပျူစောထီးနှင့်ရဲတစ်ဦးစီရှိကာ တိုက်ပွဲဖြစ်စဥ်နေရာ၌ ပင် စစ်သားလေးဦးမှာ သေဆုံးပြီး ပျူစောထီးနှင့် ရဲတစ်ဦးမှာ လက်နက်များယူ၍ ထွက်ပြေးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“အဲ့ဒီဂိတ်က ခရီးသွားပြည်သူတွေနဲ့ ကုန်ကားသမားတွေဆီကနေ တစ်သောင်းကနေ ဂိတ်ကြေး ၃သိန်းအထိ တောင်းတယ်။ အဲ့ဂိတ်ကိုဖြတ်ရမှာကိုကြောက်နေကြတာ။ဆန် စားသုံးဆီနဲ့ စက်သုံးဆီသယ်ရင်လဲ ဆွဲချထားတာမျိူးတွေလုပ်လို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

တိုက်ပွဲကြာချိန်သည် မိနစ်ပိုင်းသာရှိခဲ့ပြီး စစ်ကောင်စီဂိတ်မှ MA 1သုံးလက် (တစ်လက် ပျက်စီး) ၊ကျည်အချို့သိမ်းဆည်းရရှိခဲ့သည်။

စစ်ရေးအရ နယ်မြေချဲ့ထွင်ပြီး အလယ်ပိုင်းအညာတော်လှန်ရေး အရွေ့တစ်ခုအတွက် စစ်ရေးများဆက်လက်ဖော်ဆောင်မည်ဟုလည်း အောင်ဆန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာသည်။

ထို့ကြောင့် စစ်တပ်ထံမှ အလင်းဝင်ချင်သူများကို ကြိုဆိုပြီး အာဏာရှင်လက်အောက်ကမထွက်နိုင်သည့် သူများကိုအမြစ်ပြတ်ချေမှုန်းမည်ဟုလည်း အသိပေးသည်။

ဇွန်လ ၈ ရက်ကလည်း နမ့်စန်လေတပ်သို့ ပို့မည့် လေယာဉ်ဆီတင်ဘောက်ဆာ ကားကို နတ်မောက်မြို့အခြေစိုက် Aung San’s Land Natmauk ပြည်သူ့ကာကွယ်ရေးအဖွဲ့က နေပြည်တော် – မန္တလေးအမြန်လမ်းပေါ်တွင် သိမ်းဆည်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ထန်းပင်ချောင် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း စစ်ဆင်ရေးမှာ ပါဝင်တဲ့ သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအချို့က နေအိမ်တွေနဲ့ စာသင်ကျောင်းအချို့ ပျက်စီးခဲ့ပါတယ်။

Trending

Facebook