Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်မှာ သွေးပြန်ကြောဆိုင်ရာ ရောဂါတစ်မျိုး စွဲကပ်နေတယ်လို့ အိမ်ဖြူတော် အတည်ပြု

ဒေါ်နယ်လ်ထရမ့်ရဲ့ လက်မှာ တွေ့ရတဲ့ အကွက်တစ်ခုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကျန်းမာရေးအပေါ် ထင်ကြေးအမျိုးမျိုး ထွက်ပေါ်နေတဲ့နောက် အမေရိကန် သမ္မတဟာ သွေးပြန်ကြောဆိုင်ရာ နာတာရှည် ရောဂါတစ်မျိုး စွဲကပ်နေတာလို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

The New York Times

ဒေါ်နယ်လ်ထရမ့်ရဲ့ လက်မှာ တွေ့ရတဲ့ အကွက်တစ်ခုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကျန်းမာရေးအပေါ် ထင်ကြေးအမျိုးမျိုး ထွက်ပေါ်နေတဲ့နောက် အမေရိကန် သမ္မတဟာ သွေးပြန်ကြောဆိုင်ရာ နာတာရှည် ရောဂါတစ်မျိုး စွဲကပ်နေတာလို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေထဲမှာတော့ ထရမ့်ရဲ့ ညာဖက် လက်ဖမိုးမှာ ပုံမှန်မဟုတ်ဘဲ ကြမ်းတမ်းနေဟန်ရှိတဲ့ အကွက်တစ်ခုကို တွေ့ခဲ့ရပါတယ်။ ဇူလိုင် ၁၇ ရက်နေ့မှာတော့ အိမ်ဖြူတော်က သမ္မတဟာ သွေးပြန်ကြောဆိုင်ရာ ပြဿနာတစ်မျိုး ခံစားနေရတာလို့ ကြေညာခဲ့ပါတယ်။

ထရမ့်ဟာ ခြေထောက်တွေ ဖောရောင်လာတဲ့ အခြေအနေကို ကြုံခဲ့တဲ့နောက် လိုအပ်တဲ့ ဆေးစစ်မှုတွေ ဆက်တိုက် ခံယူခဲ့တာဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က ဆိုပါတယ်။ နောက်ပြီး လက်အရေပြားပေါ်မှာ ပွန်းရာလို အကွက်မျိုး ဖြစ်နေတာကတော့ မကြာခဏ လက်ဆွဲနှုတ်ဆက်ရလွန်းတာရယ်၊ နှလုံးသွေးကြော ကုထုံးလိုအပ်ချက်အရ အက်စ်ပရင် ဆေးဝါးတွေ စွဲသောက်နေရတာရယ်ကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

အသက် ၇၉ နှစ်အရွယ် ထရမ့်ဟာ သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ရင် အမြဲတမ်း ဂုဏ်ယူလေ့ရှိပြီး အမေရိကန် သမိုင်းမှာ အကျန်းမာဆုံး သမ္မတလို့တောင် ကိုယ့်ကိုယ်ကိုယ် ညွှန်းဆိုခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

လီယာဗစ်ရဲ့ အဆိုအရ ထရမ့်မှာ တွေ့ရှိထားတဲ့ သွေးပြန်ကြော ပြဿနာဟာ နာတာရှည် အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ် အောက်ပိုင်းက သွေးပြန်ကြောတွေဟာ နှလုံးဆီကို လုံလောက်တဲ့ အင်အားနဲ့ သွေးပို့ဆောင်နိုင်စွမ်းမျိုး လျော့ကျနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီတော့ ခြေထောက်တဝိုက်မှာ သွေးပိုစုပြီး ခြေထောက်တွေ ဖောရောင်တာမျိုး ဖြစ်တတ်ပါတယ်။

လူ့ခန္ဓာကိုယ်မှာ သွေးတွေက သဘာဝအတိုင်း လှည့်ပတ်နေပေမယ့် ခြေထောက်ကနေ နှလုံးဆီကို သွေးပြန်ပို့တဲ့အခါ မြေဆွဲအားကို ဆန်တက်ရကြောင်း၊ အဲဒီတော့ ပုံမှန် သွေးပို့လွှတ်နိုင်စွမ်း လျော့သွားတဲ့ အခြေအနေကျရင် ခန္ဓာကိုယ် အောက်ပိုင်းမှာ သွေးစုတဲ့ ပြဿနာက ပိုအဖြစ်များတတ်ကြောင်း တက္ကဆက်စ်ပြည်နယ်၊ အော်စတင်မြို့မှာရှိတဲ့ တက္ကဆက်စ် တက္ကသိုလ်ရဲ့ နှလုံးခွဲစိတ်ဌာန ဒုတိယ ပါမောက္ခ ဒေါက်တာ မာရီလ်လိုဂန်က ဆိုပါတယ်။

လီယာဗစ်က ထရမ့်ရဲ့ ဆေးစစ်ရလဒ်တွေမှာ သွေးကြောဆိုင်ရာ တခြားပြင်းထန် ရောဂါကြီးတွေတော့ မတွေ့ခဲ့ရဘဲ တိုင်းတာမှုတွေ အားလုံး ပုံမှန်အဆင့်မှာ ရှိနေခဲ့တယ်လို့လည်း ပြောကြားသွားပါတယ်။

အိမ်ဖြူတော်မှာ သမ္မတရဲ့ ကိုယ်ရေး ဆရာဝန်အဖြစ် တာဝန်ယူထားသူ ရှောင်ဘာဘာဘယ်လာကလည်း ထရမ့်ခံစားနေရတဲ့ အခြေအနေဟာ အထူးတလည် ကိစ္စမျိုး မဟုတ်ဘဲ အသက် ၇၀ ကျော် အရွယ်တွေမှာ ကြုံရတတ်တဲ့ အခြေအနေ တစ်ခုသာ ဖြစ်တယ်လို့ သတင်းမီဒီယာတွေဆီ လိပ်မူတဲ့ ထုတ်ပြန်ချက်ထဲမှာ မှတ်ချက်ပေးထားပါတယ်။

လက်က အကွက်နဲ့ ခြေထောက်ရောင်နေတဲ့ ဓာတ်ပုံတွေကို အကြောင်းပြုပြီး လူမှုကွန်ရက်တွေပေါ်မှာ ထရမ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထင်ကြေးတချို့လည်း ထွက်ပေါ်လာခဲ့ပါတယ်။ တချို့က သမ္မတဟာ ရောဂါကြီးကြီးမားမား တစ်ခုခု ရှိနေလျက်နဲ့ ဖုံးကွယ်ထားတာလို့ ယူဆနေကြပါတယ်။

ထရမ့်မတိုင်ခင်က အမေရိကန် သမ္မတ ဖြစ်ခဲ့သူ အသက် ၈၂ နှစ်အရွယ် ဂျိုးဘိုင်ဒန်ကတော့ သူဟာ ပြင်းထန်တဲ့ ဆီးကြိတ်ကင်ဆာ ရောဂါတစ်မျိုး စွဲကပ် ခံစားနေရတယ်လို့ မေလလယ်မှာ ထုတ်ပြန်ထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။