Connect with us

Hi, what are you looking for?

သတင်း

ပဲခူးEPC လာမရှင်းသည့် လျှပ်စစ်ဓာတ်ကြိုးကြောင့် ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံး

လျှပ်စစ်မီးပြတ်တောက်မှုဆိုးရွားဖြစ်နေသည့် ပဲခူးမြို့တွင် မီးပြန်လာသည့် နာရီအနည်းငယ် အတွင်း လမ်းပေါ်ပြတ်ကျနေသည့် လျှပ်စစ်ဓာတ်ကြိုး‌တက်နင်းမိသည့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရသည်။

ရန်ကုန်မြို့တွင်းက လျှပ်စစ်ဓာတ်ကြိုးများ ရှုပ်ထွေးနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - Getty Images

ဇူလိုင်-၁၉၊၂၀၂၅။လူအေး/People’s Spring

လျှပ်စစ်မီးပြတ်တောက်မှုဆိုးရွားဖြစ်နေသည့် ပဲခူးမြို့တွင် မီးပြန်လာသည့် နာရီအနည်းငယ် အတွင်း လမ်းပေါ်ပြတ်ကျနေသည့် လျှပ်စစ်ဓာတ်ကြိုး‌တက်နင်းမိသည့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရသည်။

အဆိုပါဖြစ်စဉ်သည် ပဲခူးမြို့ ဥဿာမြို့သစ်(၁)ရပ်ကွက်၊ နယ်မြေ(၅)တွင် ယမန်နေ့(ဇူလိုင် ၁၈ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“နယ်မြေ(၅)ထဲတင် ဖြစ်တာ။ ပဲခူးမှာ မီးအမြဲပြတ်နေတာ။ အခုကျ မီးခဏလာချိန်လေးဓာတ်လိုက်လို့ ကလေးတစ်ယောက်သေဆုံးရတာ ရပြီ။ အခုဖြစ်တာကို လျှပ်စစ်ဌာနက လာတောင်မကြည့်ဘူးဗျာ”ဟု မြို့ခံတစ်ဦးက‌ ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူကလေးငယ်သည် Grade-1 ကျောင်းသားဖြစ်သည်။ လမ်းမပေါ် ဓာတ်ကြိုးပြတ်ကျနေ၍ လာရောက် ရှင်းလင်းပေးရန် ပဲခူးမြို့ လျှပ်စစ်ဌာန(EPC)အား ဖုန်းဆက်သော်လည်း ဖုန်းကိုင်ဆောင်ခြင်းမရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပဲခူးမြို့တွင် ၂၀၂၄ ဇူလိုင်ကလည်း ပဲခူးမြစ်‌ရေမြင့်တက်ပြီး မြို့ထဲရပ်ကွက်အချို့ ရေကြီးနေစဥ် ရေထဲပြတ်ကျနေသည့် လျှပ်စစ်ဓာတ်ကြိုးမှ ဓာတ်လိုက်ပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနေပြည်တော်မှလွဲ၍ မြန်မာနိုင်ငံဒေသအနှံ့မြို့နယ်များမှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားနေသည်။ ယင်းပြဿနာကို စစ်ကောင်စီက ဖြေရှင်းခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအတွင်း စစ်ကောင်စီရဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကြောင့် ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၃၀နီးပါး သေဆုံးခဲ့ရတဲ့ ညောင်လေးပင်က ပူဆွေးမှုတွေ၊ မျက်ရည်တွေ မခြောက်သေးခင်မှာပဲ စစ်ကောင်စီက ပဲခူးမြို့ပေါ်မှာ နာမည်ကြီးဇာတ်အဖွဲ့ ၅ဖွဲ့နဲ့ ရွှေမော်ဓော ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆောင်းပါး

ပဲခူးတိုင်းမှာ ၂၀၂၆ နှစ်ဆန်းပိုင်းကတည်းက PDF ​​​တွေအပါအဝင် ​တော်လှန်​ရေးတပ်​တွေရဲ့ ထိုးစစ်အရှိန် မြှင့်လာခဲ့တာမှာ ဇန်နဝါရီ ၂၈ ရက်​နေ့ကလည်း ပဲခူးတိုင်းအ​ရှေ့ရှမ်းမှာ စစ်တပ်စစ်​ကြောင်း ပျက်​အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။

သတင်း

ပဲခူးတိုင်း၊ ဝေါမြို့နယ််က အဗျားကျေးရွာအုပ်စုက်ို စစ်ကောင်စီတပ် ဝင်ရောက်ပြီး ဒေသခံတွေ ကြံ့ဖွံ့ပါတီမဲပေးဖို့ ဖိအားပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။