Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံအင်းအရှေ့ဘက်ကမ်းကျေးရွာများ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ ဒေသခံ ငါးဦးသေဆုံး

ကရင်နီပြည်နယ်၊ လွိုင်ကော်၊လွိုင်လင်လေးနှင့် မိုးဗြဲမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူငါးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇူလိုင်၁၉ရက်) ထုတ်ပြန်သည်။

စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုနှင့် လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF

ဇူလိုင်-၁၉ ၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်၊လွိုင်လင်လေးနှင့် မိုးဗြဲမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူငါးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇူလိုင်၁၉ရက်) ထုတ်ပြန်သည်။

ဇူလိုင် ၁၈ ရက် နေ့လယ် ၁၂နာရီခန့်က အရပ်သားပြည်သူများရှိရာ ဖယ်ခုံမြို့နယ် အင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာခြောက်ရွာသို့ တာဝေးပစ်လက် နက်ကြီးများဖြင့် အဆက်မပြက် ပစ်ခက်တိုက်ခိုက်ခဲ့၍ ကျေးရွာနှစ်ရွာမှ အမျိုးသမီးနှစ်ဦး ၊ အမျိုးသားသုံးဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း KNDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

“အပြစ်မရှိတဲ့ပြည်သူတွေ ဘယ်နှစ်ယောက် ထပ်သေပေးရဦးမလဲ။ပြည်သူ့မျက်ရည်တွေ မြင်အောင် ကြည့်ပေးကြပါဦး”ဟု စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်ခဲ့သူများကို ကယ်ဆယ်ကုသခဲ့သူတစ်ဦးက ပြောသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရသည့် အရပ်သားခုနစ်ဦးအပြင် နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံအချို့ ထိခိုက်ပျက်ဆီးမှုများရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်းများနှင့် တော်လှန်ရေးတပ်များသည် လွိုင်ကော်- ကုန်းသာ – မိုးဗြဲလမ်းမကြီး တစ်လျှောက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟုလည်း KNDFက ပြောသည်။

စစ်ကောင်စီတပ်များသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများအား ရန်သူသဖွယ် ပစ်မှတ်ထား၍ လက်နက်ကြီးများ ၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ပေါ်ပေါ်ထင်ထင် ကျူးလွန်လုပ်ဆောင်နေကြောင်းလည်း KNDFက ဖော်ပြသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ လုံခြုံရေးသတိကို အထူးဂရုပြု နေထိုင်သွားလာရန်လည်း KNDFက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။