Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် အမြန်လမ်း‌ ပေါ် တိုက်ပွဲဖြစ်

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်၃၁၈အနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေပြီး ခရီးသွားများ လုံခြုံရေးသတိပြုရန် ပြည်သူ့ကာကွယ်ရေး ရဲဘော်များကသတိပေးသည်။

ဇူလိုင်၂၀ရက်မနက်ပိုင်းတွင်အမြန်လမ်း​ပေါ်တိုက်ပွဲဖြစ်၍ ကားများရပ်တန့်​စောင့်ဆိုင်း​နေစဥ်။ ဓါတ်ပုံ-CJ

ဇူလိုင်-၂၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်၃၁၈အနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေပြီး ခရီးသွားများ လုံခြုံရေးသတိပြုရန် ပြည်သူ့ကာကွယ်ရေး ရဲဘော်များကသတိပေးသည်။

ယနေ့ (ဇူလိုင်လ ၂၀ရက်)နံနက် ၉နာရီဝန်းကျင်တွင်တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လမ်းယာယီပိတ်ခဲ့သည်။

“အဲ့နားက ရဲစခန်းကို ချနေတာ” ဟု နွားထိုးကြီးမြို့နယ်ကာကွယ်ရေးရဲဘော်တဦးကပြောပြီး ခရီးသွားများ လုံခြုံရေးသတိပြုနေထိုင်ကြရန် ၎င်းက ဆက်လက်သတိပေးသည်။တိုက်ပွဲသည် မနက် ၁၁ နာရီ​ကျော်တွင် ပြီးဆုံးသွား​ကြောင်း ခရီးသွားအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

နွားထိုးကြီးမြို့နယ်အတွင်းပါဝင်သောရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် ၃၁၈- ၃၁၉ အနီးတွင် ပြင်စည်အမြန်လမ်းရဲကင်းစခန်းရှိသည်။

ပြင်စည်စခန်းကို မတ်လ ၁၉ ရက်နေ့ နှင့်၂၀၂၄ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း PDFများက တိုက်ခိုက်ခဲ့ဖူးသည်။အမြန်လမ်းပေါ်မှ ရဲကင်းစခန်းချို့ကို မကြာခဏတိုက်ခိုက်နေသည့် မြင်းခြံခရိုင်တပ်ရင်း(၄)နှင့် တပ်ရင်း(၁၀) ဖြစ်‌သောနွားထိုးကြီးPDFက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

အမြန်လမ်းတွင် တိုက်ပွဲများ ဖော်ဆောင်မည်ဖြစ် ၍ မလိုအပ်ဘဲ အမြန်လမ်းအသုံးမပြုရန်၊ ကားမှန်ချမောင်းရန်၊လမ်းကို ညပိုင်းအသုံးမပြုကြရန်၊ တိုက်ပွဲဖြစ်ပွားနေပါက ရောက်ရာနေရာ၌ရပ်တန့်ပြီး လုံခြုံ သည့် နီးစပ်ရာနေရာများတွင် နေထိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၄ နှစ်ကုန်ပိုင်းတွင် စတင်သတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။