Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နှင့် PNOပြည်သူ့စစ် စစ်ကြောင်းထိုးနေသော ဖယ်ခုံအင်းအရှေ့ခြမ်း၌ ပိတ်မိနေသည့် ပြည်သူ ရာနှင့်ချီရှိနေ

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးနေသော ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့ နယ် အင်းအရှေ့ခြမ်း၌ ဒေသခံပြည်သူရာနှင့်ချီ ပိတ်မိနေကြောင်း သတင်းရရှိသည်။

ဖယ်ခုံအင်းအရှေ့ခြမ်းမှ စစ်ဘေးရှောင်ပြည်သူများ ကို ဇွန်လဆန်းပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - ရှမ်းတောင် စစ်ဒေသဗျူဟာ ၁

ဇူလိုင် -၂၀၊ ၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးနေသော ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့ နယ် အင်းအရှေ့ခြမ်း၌ ဒေသခံပြည်သူရာနှင့်ချီ ပိတ်မိနေကြောင်း သတင်းရရှိသည်။

ဖယ်ခုံအင်းအရှေ့ခြမ်းကျေးရွာများသည် စစ်ကောင်စီထိန်းချုပ်လိုက်သော မိုးဗြဲမြို့နှင့် လွိုင်ကော် မြို့နယ်ကြားတွင်ရှိနေသည်။ထို့အပြင် စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်တို့သည် ညောင်ရွှေ မြို့နယ်တောင်ပိုင်းမှ တဆင့်စစ်ကြောင်းထိုးနေခြင်းမှာ ဖယ်ခုံအင်းအရှေ့ခြမ်းကို လေးဘက်လေးတန် ထွက်ပေါက်မဲ့ အခြေအနေ သက်ရောက်နေသည်။

ဇူလိုင် ၁၈ ရက်ကပင် လွိုင်ကော်၊လွိုင်လင်လေးနှင့် မိုးဗြဲ မြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်များ၏ ပစ်ခတ်မှုကြောင့် ဖယ်ခုံအင်းအရှေ့ခြမ်းတွင် ပိတ်မိနေသည့် ပြည်သူများအနက် ငါးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

ဇွန်လဆန်းကစ၍ ဖယ်ခုံအင်းအရှေ့ခြမ်း ကျေးရွာများကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က စစ်ကြောင်း ထိုးလာသောကြောင့် ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးခဲ့ကြရသည်။သို့သော် အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးမရှောင်နိုင်ခဲ့သူများလည်းရှိခဲ့သည်။

အပြစ်မဲ့ပြည်သူလူထုကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်နှင့် လူမျိုးရေးအမုန်းတရားဖန်တီးကာ စစ်ကောင်စီ၏ လက်ရုန်းတပ်သဖွယ်ဖြစ်နေသည့် PNOက အရပ်သားများကို ရက်စက်စွာသတ် ဖြတ်လေ့ရှိသော သာဓကများကြောင့် ဒေသခံ ရာနှင့်ချီပိတ်မိနေသော ဖယ်ခုံအင်းအရှေ့ခြမ်းကျေးရွာအရေးကို ဂရုစိုက်ပေးကြရန် အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းသည်။

“အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခံရမှုတွေ ရှိလာနိုင်သလို။စစ်ကောင်စီရဲ့ လက်နက်ကြီး၊လေကြောင်း ကြောင့် နေ့စဥ်သေဆုံးရမယ့်အဖြစ်တွေကို ရှောင် ရှားနိုင်ဖို့ ဝိုင်းဝန်းကူညီကြဖို့လိုတယ်”ဟု ဖယ်ခုံ မြို့နယ် စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

အရပ်ဘက်စစ်တမ်းများနှင့် စစ်ရှောင်ကူညီနေသူများ၏ အချက်အလက်အရ ဖယ်ခုံအင်းအရှေ့ခြမ်းတွင် ပိတ်မိနေသည့် ပြည်သူ ၅၀၀ဝန်းကျင် ရှိနေသည်ဟု ဆိုသည်။

“ဖယ်ခုံအရှေ့ခြမ်းကနေ ထွက်ခွာလို့ရအောင်စီမံနေပါပြီ။အားလုံး လုံခြုံတဲ့နေရာရောက်မယ်လို့ အပြည့် အဝယုံကြည်တယ်”ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)၏ တွဲဖက်အတွင်း ရေးမှူး ဦးဗညားက ပြောသည်။

ဖယ်ခုံအင်း၏ အရှေ့ခြမ်းကပ်လျက်တွင် ဆောင်နန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွတ်၊ပိန်းနဲကုန်း၊မခေးခမ်း၊ညောင်မွန်း၊ငါးမူး၊ဆင်ဖြူ၊နန်းဟူး၊ရွှေစန်း၊ကျွန်းကုန်းဝ၊ဆောင်ဒူထက်၊ဆောင်ဒူအောက်နှင့် နောင်လိုင်ကျေးရွာတို့ ရှိသည်။

အင်အား ၁,၀၀၀ ခန့်ပါသော စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ် စစ်ကြောင်းသည် ယခင်လ နောက်ဆုံးပတ်က ဆောင်နန်းခဲရွာကို ဝင်ရောက်တပ်စွဲ ပြီး ရွာလုံးကျွတ် နီးပါးမီးရှိုခဲ့ကြောင်း ဒေသတွင်းလူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ ဇူလိုင်ပထမပတ်က အစီရင်ခံစာတွင် ဇွန်လတစ်လအတွင်းး ဖယ်ခုံမြို့နယ်၌ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုခြောက်ကြိမ် ရှိခဲ့ပြီး ကလေးငယ်များအပါအဝင် ပြည်သူ ခုနစ်ဦး သေဆုံး၊ထိခိုက်ခဲ့သည်။

အာဏာမသိမ်းမီက လူဦးရေတစ်သိန်းကျော်ရှိခဲ့သော ဖယ်ခုံမြို့နယ်၌ ပြည်သူခြောက်သောင်းဝန်းကျင်သည် ကာလရှည်ကြာစွာ စစ်ရှောင်နေရကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။