Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်က စစ်တပ် နောက်တန်းစခန်း​တွေကို ​​တော်လှန်​ရေးတပ်​တွေဝင်တိုက်

မန္တလေးမြို့နဲ့ ၁၀မိုင်ခန့်အကွာကပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ်က စစ်ကောင်စီ နောက်တန်းအထိုင်စခန်းတွေ ဒီကနေ့ ​တော်လှန်​ရေးတပ်​တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံ တွေက​ပြောပါတယ်။

မြကံသာရွာနဲ့သရက်ကိုင်းရွာ ကို Google Earth ​မြေပုံတွင်​တွေ့ရပုံ

ဇူလိုင်-၂၀၊၂၀၂၅။​ရှိန်း/People’s Spring

မန္တလေးမြို့နဲ့ ၁၀မိုင်ခန့်အကွာကပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ်က စစ်ကောင်စီ နောက်တန်းအထိုင်စခန်းတွေ ဒီကနေ့ ​တော်လှန်​ရေးတပ်​တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံ တွေက​ပြောပါတယ်။

စစ်ကောင်စီတပ် မတ္တရာမြို့နယ်ကိုစစ်ကြောင်းထိုးဖို့အတွက်နောက်တန်းအထိုင်စခန်းအဖြစ်အထိုင်ထားတဲ့ မြကံသာရွာနဲ့သရက်ကိုင်းရွာအထိုင်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့စုံစမ်းသိရပါတယ်။

ဇူလိုင် ၂၀ ရက်နေ့လည်ပိုင်းအထိ စခန်းတစ်ခုကို ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပြီး အခြားစခန်း​တွေကိုလည်းဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံတွေရဲ့ပြောကြားချက်အရ ဇူလိုင် ၁၉ ရက်ညပိုင်းက စပြီး ပုသိမ်ကြီးမြို့နယ် မှာ စစ်​ကောင်စီရဲ့ ကင်းထောက် လေယာဉ် တွေဆက်တိုက်ဝဲ နေပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း ‌‌‌လေယာဉ် ၄စီးထပ်မနည်း မတ္တရာမြိုနယ်အရှေ့ခြမ်းကို သွားခဲ့တယ်လို့သိရပါတယ်။

“မနေ့က ညအစောပိုင်းမှာ လေယာဉ် တွေဆက်တိုက်သွားတယ်။မနက်မိုးလင်းခါနီး ကင်းထောက်နှစ်စီးဝဲတယ်။ပြီး တော့ မနက်၉နာရီ၊၁၀နာရီအထိ ဆက်တိုက်ကို လေယာဉ် တွေသွားနေတာ”လို့ ပုသိမ်ကြီး မြို့နယ်ဒေသခံ တဦးက ပြောပါတယ်။

စစ်တပ်​နောက်တန်းစခန်းတွေအတိုက်ခံရချိန်မှာစစ်တပ်က​လေ​ကြောင်းက​နေ အကြိမ်​ရေများစွာပစ်ကူ​ပေးခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

မန္တလေး- မတ္တရာ ကားလမ်းပိုင်းမှာ နေထိုင်သူ တွေကလည်း လူနာတင်ယာဉ် တွေနဲ့ မန္တလေး ဘက်ကို စစ်တပ်က ဒီနေ့ နေ့လည်ပိုင်းမှာအ​လောင်း​တွေလား၊ဒဏ်ရာရသူ​တွေကိုလားမသိရ​ပေမယ့် ပြန်လည်သယ်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုက်ရိုက်ကွပ်ကဲပြီး မတ္တရာမြို့နဲ့ မန္တလေး ကားလမ်းပိုင်းကိုပြန်ထိန်းချုပ်နိုင်ဖို့ ပြန်မဆုတ်ရအမိန့်နဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းက​နေ ဒီ​နေ့အထိ မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကိုတိုက်နေချိန် မှာအခုလို နောက်တန်းစခန်း​တွေကို ဝင်တိုက်ခံရတာဖြစ်ပါတယ်။

စစ်တပ်​ထောက်ခံသူတချို့က တိုက်ခိုက်တာကမန္တ​လေးPDFနဲ့ TNLA တပ်ဖွဲ့ဝင်​တွေလို့ ​ပြောဆို​နေကြတာ​တွေ့ရပါတယ် ။ဒါ​ပေမယ့် ဘယ်​တော်လှန်​ရေးအဖွဲ့​တွေက တိုက်ခိုက်တယ်ဆိုတာရယ် ၊ တိုက်ပွဲအခြေအနေတွေကိုတော့ People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး။

ဒါအပြင် ဇူလိုင် ၂၀ ရက် မနက်မှာရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်၃၁၈အနီးမှာ စစ်​ကောင်စီရဲကားတစ်စီးတစ်စီးကို မြင်းခြံခရိုင် အမှတ်(၄) နဲ့ အမှတ် (၁၀) တပ်ရင်း​တွေက တိုက်ခိုက်တာ​ကြောင့် ရဲ ၂ ဦး​သေဆုံးပြီး ​သေနတ် ၂ လက်နဲ့ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့နွားထိုးကြီး PDF ကထုတ်ပြန်ပါတယ် ။

နံနက် ၇ နာရီ​ကျော်မှာတိုက်ပွဲစဖြစ်ခဲ့ပြီးလမ်းယာယီပိတ်ခဲ့သလို နံနက် ၁၀ နာရီ​ကျော်မှာ ကားလမ်းပြန်ပွင့်သွားတယ်လို့ ​ခရီးသွားအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းပြန်ထိုးလာကာ မြို့ထဲကို စစ်ကြောင်းပြန်ရောက်လာတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။

ဆောင်းပါး

ဖိုးသား/People’s Spring အာဏာသိမ်းစစ်တပ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေတိတ်ဆိတ်သွားပြီး​နောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေ အပေါ်ကြီးမားတဲ့သက်ရောက်မှု နဲ့ အချိုးအကွေ့ ကာလတစ်ခု​ရောက်ပါတယ်။ အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်​မြောက်ပိုင်းမှာတရုတ်အကူအညီနဲ့ အပစ်ရပ်​အောင်လုပ်ပြီး​နောက် ပြုန်းတီးခဲ့တဲ့အင်အားတွေအတွက်စစ်မှုထမ်းတပ်သားသစ်တွေကိုစစ်တပ်ထိန်းချုပ်​ဒေသ​တွေက​နေ ပုံစံအမျိုးမျိုးနဲ့ စုဆောင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ‌တော်လှန်ရေးအမာခံနယ်‌မြေတွေ ဖြစ်တဲ့ မန္တလေး၊စစ်ကိုင်း၊မကွေး၊ ချင်း ၊ကချင် ၊ရခိုင်ပြည်နယ်အစပ်အစရှိတဲ့...

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။