Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ကမ္ဘောဒီယားတိုရဲ့ အဓိက ပြဿနာက ဘာလဲ

ထိုင်းနဲ့ကမ္ဘောဒီယားနှစ်နိုင်ငံကြားအခုလိုတင်းမာတဲ့ပြဿနာဟာ အသစ်တော့မဟုတ်ပါဘူး။ ဟိုး…လွန်ခဲ့တဲ့နှစ်ပေါင်းများစွားကတည်းကစတင်သန္ဓေတည်ခဲ့တဲ့ နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှုရဲ့ နောက်ဆက်တွဲ အခန်းဆက် ပြဿနာပဲဖြစ်ပါတယ်။

ကိုဗလ​ရေးသားသည်။

ထိုင်းနဲ့ကမ္ဘောဒီယားနှစ်နိုင်ငံကြားဆက်ဆံရေးဟာ အတင်းမာဆုံးအဆင့်ကိုရောက်ရှိသွားပါပြီ။ နှစ်နိုင်ငံနယ်စပ်မှာပစ်ခတ်မှုတွေ ဖြစ်တဲ့အထိတင်းမာလာခဲ့တာပါ။

ပစ်ခတ်မှုတွေမတိုင်ခင်ထိုင်းနဲ့ကမ္ဘောဒီယားတို့ဟာ သံတမန်ဆက်ဆံရေး အနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ထိုင်းဟာကမ္ဘောဒီယားရှိ သူ့သံအမတ်ကို ပြန်ခေါ်ခဲ့ကာ ထိုင်းရှိ ကမ္ဘောဒီယားသံအမတ်ကို နှင်ထုတ်ခဲ့ပါတယ်။ ကမ္ဘောဒီယားကလည်း လက်တုန့်ပြန်တဲ့အနေနဲ့ ထိုင်းမှာရှိတဲ့ သံရုံးဝန်ထမ်းတွေကို ပြန်ခေါ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီယားနိုင်ငံဟာ ဘာကြောင့် အခုလိုဖြစ်ရတာလဲ။ လေ့လာကြည့်ကြရအောင်ပါ။

Public Service Announcement

Public Service Announcement

ထိုင်းနဲ့ကမ္ဘောဒီယားနှစ်နိုင်ငံကြားအခုလိုတင်းမာတဲ့ပြဿနာဟာ အသစ်တော့မဟုတ်ပါဘူး။ ဟိုး…လွန်ခဲ့တဲ့နှစ်ပေါင်းများစွားကတည်းကစတင်သန္ဓေတည်ခဲ့တဲ့ နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှုရဲ့ နောက်ဆက်တွဲ အခန်းဆက် ပြဿနာပဲဖြစ်ပါတယ်။

Dangrekတောင်တန်းပေါ် က ချောက်ကမ်းပါးထိပ်မှာတည်ရှိတဲ့ ၁၁ ရာစု ခမာဘုရားကျောင်းဟာ ရာစုနှစ်တစ်ခုကျော်ကြာနှစ်နိုင်ငံအငြင်းပွားမှုရဲ့ သင်္ကေတတစ်ခု ဖြစ်နေခဲ့တာပါ။နှစ်သက်တမ်း ၉၀၀ ကျော်ရှိနာမည်ကျော် Preah Vihear ဘုရားကျောင်းဟာ ပိုင်ဆိုင်မှုအချင်းများနေတဲ့ နှစ်နိုင်ငံနယ်စပ်မျဥ်းပေါ်မှာ ရှိပါတယ်။

ပြင်သစ်ဟာ ကမ္ဘောဒီးယားကို ကိုလိုနီပြုခဲ့တုန်းက ကမ္ဘောဒီယားရဲ့မြေပုံတွေရေးဆွဲပေးခဲ့ပါတယ်။ ကိုလိုနီပြင်သစ်က ရေးဆွဲပေးခဲ့တဲ့ မြေပုံနယ်ပါ နယ်နမိတ် နဲ့ ထိုင်းက သူကိုယ်တိုင်ရေးဆွဲခဲ့တဲ့မြေပုံပါ နယ်နမိတ်တို့ဟာတိုင်းတာတဲ့စံနှုန်းတွေမတူညီခဲ့တာကြောင့် ကွဲလွဲမှုတွေရှိခဲ့ကာနှစ်နိုင်ငံအကြား နယ်စပ်ပိုင်ဆိုင်မှု ပြဿနာတွေ ရှိခဲ့ပါတယ်။

နယ်စပ်ပိုင်ဆိုင်မှုပြဿနာကို၁၉၆၂ခုတုန်းက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ကနေ နာမည်ကျော် Preah Vihear ဘုရားကျောင်းဟာ မ္ဘောဒီယားနိုင်ငံကပိုင်ဆိုင်တယ်လို့ ဆုံးဖြတ်ပေးခဲ့ဖူးပါတယ်။ဘုရားကျောင်းဟာကမ္ဘောဒီးယားပိုင်ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့်ဘုရားကျောင်းပတ်ဝန်းကျင်နယ်စပ်ဒေသ အများစုကတော့ ဘယ်သူပိုင်တယ်ဆိုတာ တိတိကျကျ နယ်နိမိတ်မသတ်မှတ်ပေးနိုင်ခဲ့ပါဘူး။ အဲ့ဒီလို တိတိကျကျ မသတ်နိုင်ခဲ့ခြင်းဟာ နှစ်နိုင်ငံအကြား ထပ်တလဲလဲ ပဋိပက္ခဖြစ်ပွားရာနေရာတခု ဖြစ်လာခဲ့ပါတော့တယ်။

၂၀၀၈ ခုနှစ် ဇူလိုင်လမှာ Preah Vihear ဘုရားကျောင်းဟာ ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ခဲ့ပါတယ်။ ထိုင်းဘက်က ကန့်ကွက်နေတဲ့ကြားကနေအသိအမှတ်ပြုခံခဲ့ရတာပါ။အဲ့ဒီနှစ်အောက်တိုဘာလမှာတော့နှစ်နိုင်ငံကြားစစ်ရေးပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးလူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။

၂၀၁၃ ခုနှစ်မှာတော ICJ ရဲ့ အရင်နှစ်နိုင်ငံနယ်နမိတ်ပိုင်ဆိုင်မှု ဆုံးဖြတ်ချက်ကို ပြန်ပြီးအဓိပ္ပာယ်ဖွင့်ဆိုဖို့ တောင်းဆိုခဲ့တော့လည်း Preah Vihear တည်ရှိရာ ကုန်းပြင်မြင့်တခုလုံးဟာ ကမ္ဘောဒီးယားရဲ့ အချုပ်အခြာအာဏာပိုင်နက်ထဲမှာရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်ခြင်းဆိုင်ရာပြဿနာကို အလုံးစုံ ဖြေရှင်းနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

ဘုရားကျောင်းဟာ ကမ္ဘောဒီးယားကပိုင်ဆိုင်တယ်ဆိုတာထိုင်းတွေကအသိအမှတ်ပြုကြပါတယ်။ဒါပေမယ့်ဘုရားကျောင်းကိုသွားရာလမ်းကိုတော့ ထိုင်းတွေကသူတို့ပိုင်တယ်လို့ယူဆနေကြပါတယ်။

အဲ့ဒီအယူအဆဟာနှစ်နိုင်ငံကြားဖြစ်နေခဲ့တဲ့ ပြဿနာရဲ့ အရင်းခံပဲ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်မေလ နဲ့ ဇူလိုင်လတွေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်လာတယ်ဆိုတာ ပြသနေပါတယ်။ မေလတုန်းက ကမ္ဘောဒီးယားစစ်သားတဦး သေဆုံးခဲ့ရတဲ့အခြေအနေ၊မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့်ထိုင်းစစ်သားတွေဒဏ်ရာရရှိခဲ့ကာကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတာတွေဟာ နှစ်နိုင်ငံဆက်ဆံရေးအခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်များအကြားဆက်ဆံရေးဟာလည်း နယ်စပ်ပြဿနာအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ထိုင်းဝန်ကြီးချုပ် ပေ့ထောင်တန်ရှင်နာဝပ်ထရာဟာသူမနိုင်ငံမှာ ကြီးမားတဲ့ ဖိအားတွေကို ရင်ဆိုင်ခဲ့ရပြီး ဝန်ကြီးချုပ်ရာထူးကနေ ယာယီဆိုင်းငံ့ဖို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ပေ့ထောင်တန်ဟာ အရင်ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်နဲ့ နယ်စပ်အငြင်းပွားမှုအကြောင်း ဖုန်းပြောဆိုမှုတွေပေါက်ကြားခဲ့ပြီးနောက်မှာ အခုလိုရာထူးကနေ ဆိုင်းငံ့ခံခဲ့ရတာပါ။

အခုချိန်ထိ အလွန်ဩဇာကြီးမားတဲ့ ဟွန်ဆန်ဟာ ပေ့ထောင်တန်ရဲ့ မိသားစုနဲ့ ရေရှည်တည်တံ့ခဲ့တဲ့ ဆက်ဆံရေးသမိုင်းကြောင်းတွေ ရှိခဲ့ပေမယ့် ဟွန်ဆန်ဟာ တခြားဘယ်အရာထက်မဆို ကမ္ဘောဒီးယားရဲ့ အကျိုးစီးပွားကိုသာ ဦးစားပေးတယ်ဆိုတာ ပြသခဲ့ပါတယ်။

အခုဆိုရင် ထိုင်း နဲ့ကမ္ဘောဒီယားတို့ရဲ့နယ်စပ်ပြဿနာကြောင့်ကုန်သွယ်ရေးတွေ၊သံတမန်ဆက်ဆံရေးတွေထိ သက်ရောက်မှုတွေရှိလာကာ နှစ်နိုင်ငံအပြန်အလှန် ပစ်ခတ်မှုမျိုးတွေအထိ ရှိလာခဲ့ပြီ။ နောက်ဆုံးရရှိထားနိုင်ငံတကာ သတင်းတွေအရ ထိုင်းဟာ ကမ္ဘောဒီယားစစ်ဘက်ဆိုင်ရာပစ်မှတ်တွေအတွက် ရည်ရွယ်ပြီး ထိုင်းတိုက်လေယာဥ်တွေကို ဖြန့်ကျက်နေရာ ထားလိုက်တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၄ ရက် မနက်ပိုင်းမှာ​​တော့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်ကြတယ်အထိ ပဋိပက္ခ ကကြီးမားလာပါတယ် ။စတင်ပစ်ခတ်တိုက်ခိုက်မှုကို နှစ်နိုင်ငံစလုံးက အပြန် အလှန်စွပ်စွဲ​နေကြပါတယ် ။ က​​မ္ဘေားဒီယားက အတွဲလိုက်ဒုံး​တွေနဲ့ ပစ်ခတ်မှုဟာ ထိုင်းနိုင်ငံကအရပ်သား​တွေ​သေဆုံးထိခိုက်ခဲ့သလို ၊ထိုင်းစစ်တပ်ကလည်း F-16 တိုက်​လေယာဥ်​တွေပါသုံးပြီး က​​​​မ္ဘေားဒီးယား စစ်​ရေးပစ်မှတ်​တွေကို ဗုံးကြဲလက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ် ။

ထိုင်းနဲ့ကမ္ဘောဒီယားတို့ရဲ့နှစ်နိုင်ငံတင်းမာမှုပြဿနာ ဘယ်လောက်ထိ ဆက်ဖြစ်မလဲ၊ ဘယ်လိုပြေလည်သွားမလဲဆိုတာ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။