Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယား ကျောင်းသားတွေရဲ့ လုံခြုံရေးကို ကူညီစောင့်ရှောက်မယ်လို့ ချူလာလောင်ကွန်း တက္ကသိုလ် ထုတ်ပြန်

နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေပေမယ့် ကမ္ဘောဒီးယား ကျောင်းသားတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း လုံခြုံရေးကို အထိခိုက် မခံဘဲ ကူညီ စောင့်ရှောက်သွားမယ်လို့ ထိုင်းနိုင်ငံရဲ့ ချူလာလောင်ကွန်း တက္ကသိုလ်က ကြေညာခဲ့ပါတယ်။

နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေပေမယ့် ကမ္ဘောဒီးယား ကျောင်းသားတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း လုံခြုံရေးကို အထိခိုက် မခံဘဲ ကူညီ စောင့်ရှောက်သွားမယ်လို့ ထိုင်းနိုင်ငံရဲ့ ချူလာလောင်ကွန်း တက္ကသိုလ်က ကြေညာခဲ့ပါတယ်။

ဘန်ကောက်မှာရှိတဲ့ တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌက ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခကို အကြောင်းပြုပြီး တက္ကသိုလ်ရဲ့ သဘောထား ကြေညာချက်ကို ကျောင်းသားတွေ၊ မိဘတွေ၊ တက္ကသိုလ်နဲ့ ဆက်စပ်နေသူတွေဆီ ရည်ရွယ်တဲ့ အိတ်ဖွင့်ပေးစာတစ်စောင် ဇူလိုင် ၂၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ စစ်ရေး ပဋိပက္ခကြောင့် နီးစပ်ရာ ပြည်နယ်တွေက ကျောင်းသားတွေနဲ့ မိဘတွေ၊ ပြီးတော့ ချူလာလောင်ကွန်း တက္ကသိုလ်မှာ လောလောဆယ် ပညာသင်ကြားနေတဲ့ ကမ္ဘောဒီးယား ကျောင်းသားတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေမှာကို နားလည်ကြောင်း၊ ဒီအတွက် တက္ကသိုလ်ဖက်က အလေးအနက် စာနာစိတ်ပူတယ် ဆိုတာကို အသိပေးလိုကြောင်း စာထဲမှာ ပါရှိခဲ့ပါတယ်။

ဒါပေမဲ့ ချူလာလောင်ကွန်း တက္ကသိုလ်ဟာ ပညာရေးမှာ နယ်စပ်၊ လူမျိုး၊ နိုင်ငံသား၊ ဒေသစွဲ အပါအဝင် ကွဲပြားမှုတွေ မရှိဘူးဆိုတဲ့ သဘောထားကို လက်ကိုင်ပြုပြီး ကျောင်းသားအားလုံးရဲ့ လုံခြုံရေးနဲ့ ကောင်းကျိုးချမ်းသာကို ကူညီ စောင့်ရှောက်ဖို့ ခံယူချက်ကို မမှိတ်မသုန် ဆက်လက် ဆုပ်ကိုင်ထားကြောင်းလည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တက္ကသိုလ် ပရဝုဏ်ဟာ အားလုံးကို လေးစားမှု အပြည့်နဲ့ ဆက်ဆံတဲ့ နေရာမျိုးပဲ ဖြစ်နေဖို့လိုပြီး ဘယ်ကျောင်းသားရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း လုံခြုံမှုကိုမှ ထိခိုက်တာ မရှိအောင် သေချာ ကူညီ စောင့်ရှောက်ပေးရမှာ ဖြစ်ကြောင်း၊ ကျောင်းသားတွေထဲမှာ မလုံခြုံတာ၊ စိတ်ပူတာ၊ ဒါမှမဟုတ် အကူအညီ လိုအပ်တာမျိုးတွေ ခံစားရတယ်ဆိုရင် မေဂျာအလိုက်၊ ဒါမှမဟုတ် တက္ကသိုလ်ရဲ့ ကျောင်းသားရေးရာ ဌာနတွေဆီ ဆက်သွယ်ဖို့ အလေးအနက် တိုက်တွန်းလိုကြောင်းလည်း စာထဲမှာ အကြံပြုထားပါတယ်။

ချူလာလောင်ကွန်း တက္ကသိုလ်ဟာ ကျောင်းသား တစ်ဦးစီက ဘယ်ကလာသလဲ ဆိုတာကို လုံးဝ မစဉ်းစားဘဲ သူတို့ရဲ့ အခွင့်အရေး၊ လွတ်လပ်မှု၊ ဂုဏ်သိက္ခာရှိမှုတွေကို လေးစား ကာကွယ်ပေးနေမှာ ဖြစ်တယ်လို့လည်း ပရော်ဖက်ဆာ ဒေါက်တာ ဝီလတ် ပူရီဝတ်ရဲ့ အိတ်ဖွင့် ပေးစာမှာ ရေးသားထားပါတယ်။

ပညာရေးမှာ နယ်နိမိတ် သတ်မှတ်ချက်၊ လိင်ကွဲပြားမှု၊ နိုင်ငံသား ဖြစ်တည်မှုနဲ့ လူမျိုး ကွဲပြားမှုတွေ ဘာမှမရှိဘဲ အသိပညာ၊ စိတ်ခွန်အားနဲ့ လူသားဆန်မှုတွေကို မျှဝေဖို့သာ ဖြစ်တယ်လို့လည်း အိတ်ဖွင့်ပေးစာထဲမှာ ပါရှိခဲ့ပါတယ်။

ကိုးကား: Chulalongkorn University Facebook page

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။