Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“အခုဒီဥပဒေသုံးခု တစ်ရက်တည်းမှာ ထွက်သွားတယ်ဆိုတာက နောက်မှာ ရည်မှန်းချက်တစ်ခုခုရှိတယ်လို့ တို့ယူဆတယ်ကွာ”

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေနဲ့ မေးမြန်းခန်း

Screenshot

ဇူလိုင်-၂၅၊ ၂၀၂၅။ People’s Spring

အာဏာသိမ်းစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတိုးချဲ့ဖို့ရည်ရွယ်တဲ့ ဥပဒေမူကြမ်းသုံးခုကို အမေရိကန်အောက်လွှတ်တော်ကော်မတီက ဇူလိုင် ၂၂ရက် တစ်ရက်တည်းအတည်ပြုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ပင်မငွေကြေးအရင်းအမြစ်ကို ဖြတ်တောက်ဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လျော့ကျစေနိုင်တဲ့ ဥပဒေမူကြမ်းသုံးခုကို အမေရိကန်အောက်လွှတ်တော် ဘဏ္ဍာရေးဆိုင်ရာကော်မတီက အတည်ပြုခဲ့တာပါ။

အဲဒီဥပဒေမူကြမ်း ၃ခုက BRAVE Burma Act၊ Burma GAP Act နဲ့ No New Burma Funds Act တို့ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဥပဒေမူကြမ်းထဲက BRAVE Burma Act မှာ ၂၀၂၂ နှစ်ကုန်ပိုင်းက ပြဌာန်းခဲ့တဲ့ Burma Act ကို ပြင်ဆင်ထားတာ ဖြစ်ပြီး Burma GAP Act ကတော့ မြန်မာနိုင်ငံရှိ လူနည်းစုတိုင်းရင်းသားများအရေးနဲ့ ရိုဟင်ဂျာအရေး ကာကွယ်မြှင့်တင်ပေးရေး ဥပဒေမူကြမ်းတွေဖြစ်တယ်လို့ အမေရိကန်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေက ရှင်းပြပါတယ်။

တတိယမြောက် No New Burma Funds Act ကတော့ ဥပဒေမူကြမ်း ၃ခုထဲ အတိုဆုံး ဥပဒေမူကြမ်းဖြစ်ပြီး မြန်မြန်ဆန်ဆန် ဥပဒေအဖြစ် ထွက်ရှိလာနိုင်ကာ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးကို အကျိုးအဖြစ်ထွန်းနိုင်ဆုံးဖြစ်နိုင်ကြောင်း သူက သုံးသပ်ပါတယ်။

အဲဒီ No New Burma Funds Act က မြန်မာစစ်ကောင်စီကို ဘဏ္ဍာရံပုံငွေအသစ်တွေ မရနိုင်ရေးအတွက် ရည်ရွယ်ပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ကမ္ဘာ့ဘဏ်(World Bank)က ငွေကြေးထောက်ပံ့မှုအသစ် ပိတ်ပင်တာ၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက စစ်ကောင်စီထံ ငွေလွှဲမှု ရုတ်သိမ်းထားတာတွေ ပြဌာန်းလာနိုင်တယ်လို့ သိရပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေကို People’s Spring က ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူး ဒုတိယပိုင်းကို ဖော်ပြလိုက်ပါတယ်။

https://www.facebook.com/LuduNwayOo/videos/2557775241232788

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။