Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းဘုရင့် မွေးနေ့ အခမ်းအနား ပွဲလမ်းသဘင်တွေ ဖျက်သိမ်းဖို့ ညွှန်ကြား

ပုံမှန် စီစဉ်ကျင်းပနေကျ မွေးနေ့ အခမ်းအနား ပွဲလမ်းသဘင် အားလုံးကို ဖျက်သိမ်းဖို့ ထိုင်းဘုရင်က ညွှန်ကြားခဲ့ပါတယ်။

EPA

ပုံမှန် စီစဉ်ကျင်းပနေကျ မွေးနေ့ အခမ်းအနား ပွဲလမ်းသဘင် အားလုံးကို ဖျက်သိမ်းဖို့ ထိုင်းဘုရင်က ညွှန်ကြားခဲ့ပါတယ်။

ဇူလိုင် ၂၈ ရက်နေ့မှာ ကျရောက်မယ့် ထိုင်းဘုရင် မဟာဗဂျီရာလောင်ကွန်းရဲ့ ၇၃ နှစ်ပြည့် မွေးနေ့အတွက် ပျော်ပွဲရွှင်ပွဲတွေကို နန်းတော်ရဲ့ အမာရင်ဒရာ ဗင်နီဂျာယာ နန်းတော်မှာ ကျင်းပဖို့ ရည်ရွယ်ထားပေမယ့် နိုင်ငံက အရေးပေါ် အခြေအနေတစ်ရပ် ကြုံတွေ့နေတဲ့အတွက် အဲဒီ အခမ်းအနားတွေကို ပယ်ဖျက်ဖို့ ဘုရင်က အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၂၇ ရက်နေ့ ကတည်းက စတင်ပြီး ကျင်းပဖို့ စီစဉ်ထားတဲ့ ပွဲလမ်းသဘင်တွေကိုလည်း ပယ်ဖျက်လိုက်ပါပြီ။ နယ်စပ်မှာ ကမ္ဘောဒီးယားနဲ့ စစ်ရေး ပဋိပက္ခတွေ ဖြစ်ပေါ်နေတာကြောင့် ဘုရင်က အခုလိုမျိုး ဆုံးဖြတ်ခဲ့တာပါ။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင် ၂၇ ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေးကို လမ်းဖွင့်ထားတဲ့ သဘောထား မှတ်ချက်မျိုးတွေ အတိအလင်း ထုတ်ပြောလာကြပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဒုတိယ ကာကွယ်ရေး ဝန်ကြီး နတ်တာဖောင် နက်ခ်ပါနစ်ချ်က ကမ္ဘောဒီးယားဟာ ဇူလိုင် ၂၆ ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေးကိစ္စ ကြားဝင်ညှိပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဖုန်းပြောခဲ့ပေမယ့် လက်တွေ့မှာတော့ အပြောနဲ့အလုပ် မညီဘဲ ထိုင်းအရပ်သား ဧရိယာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ ဆက်လက် ပစ်ခတ်နေခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒါဟာ နယ်စပ် တင်းမာမှုနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားရဲ့ ဒုတိယအကြိမ်မြောက် ပြောင်ပြောင်တင်းတင်း ကတိချိုးဖောက်မှုလို့လည်း သူက ပြောပါတယ်။ ပထမ အကြိမ်ကတော့ တိုက်ပွဲတွေ စမလာခင် ဇွန်လ ၈ ရက်နေ့ အခြေအနေကို ရည်ညွှန်းတာဖြစ်ပြီး အဲဒီတုန်းက ကမ္ဘောဒီးယား တပ်တွေဟာ ပိုင်နက် အငြင်းပွားမှုတွေ ဖြစ်နေရာ နယ်စပ်က သဘာဝ နယ်နိမိတ် အမှတ်အသားလို့ သတ်မှတ်နိုင်တဲ့ ဆတ်တာဘန် သစ်ပင် နေရာကနေ အေးအေးချမ်းချမ်း ဆုတ်ခွာပေးမယ်လို့ ကတိပေးခဲ့ပေမယ့် လက်တွေ့မှာတော့ အနီးတဝိုက်မှာ မြေမြှုပ်မိုင်းတွေ ဆင်သွားခဲ့ကြောင်း နတ်တာဖောင်က ပြောဆိုသွားပါတယ်။

ကိုးကား: PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook