Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းကိုဖြတ်မယ့်ကားတွေစွယ်တော်ကားကွင်းမှာစစ်ဆေးရမယ့်အစီအစဥ်စစ်​ကောင်စီပြန်ရုတ်သိမ်း

စစ်ကိုင်းတိုင်းကို အိမ်ဆောက်ပစ္စည်း​တွေ သယ်ယူခွင့်စစ်​ကောင်စုကပိတ်ပင်ထားလို့ယာဥ်​မောင်း​အချို့ပြော

ရွှေကြက်ယက်ဇက်ဆိပ်အနီးက စစ်​ကောင်စီစစ်ဆေးဂိတ်မှာ ကုန်ကား​တွေစစ်ဆေးခံ​နေရစဥ်။

ဇူလိုင်-၂၇၊၂၀၂၅။မေ/People Spring

စစ်ကိုင်းတိုင်းကိုဖြတ်သွားမယ့်ကားတွေကိုဩဂုတ်လ ၁ ရက်နေ့ကစပြီးစစ်ကိုင်းတံတားနဲ့ရွှေကြက်ယက်ဇက်ဆိပ်မှာသာ ယခင်ကလို ပြန်လည်စစ် ဆေးပြီးခွင့်ပြုပေးသွားမယ်လို့ ကားသမား တွေက​ပြောပါတယ်။

ဇူလိုင်လ၂၆ ရက်နေ့ကစပြီးစွယ်တော်ကားကွင်းမှာစစ်ဆေးပြီးခွင့်ပြုလက်မှတ်ပါမှဖြတ်သန်းရမယ်ဆိုတဲ့ အမိန့်ကိုစစ်တပ်က ထုတ်ထားရာက နေ ကားအစီး ရေထောင်ပေါင်းများစွာ ပိတ်မိခဲ့ပါတယ်။အဲဒီနောက် အခုလိုထပ်မံ ပြောင်းလဲလိုက်တာလို့ သိရပါတယ်။

ရွှေကြက်ယက်ဇက်ဆိပ်အနီးက စစ်​ကောင်စီစစ်ဆေးဂိတ်မှာ ကုန်ကား​တွေစစ်ဆေးခံ​နေရစဥ်။

“စွယ်တော်ကားကွင်းမှာ ပိတ်တဲ့ဒဏ်ကနေတော့ လွတ်သွားတာပေါ့ဗျာ။အဲဒီကားကွင်းမှာဆို ဧည့်စာရင်းတိုင်ခပေးရ၊ဟိုခပေးရ၊အိမ်ဆောက်ပစ္စည်းပါလို့ပေးရနဲ့။ပြီးရင်စစ်လည်းမပေး ၊ခွင့်ပြုလည်းမ ပေးနဲ့။ငွေပေးမှရတာ။အခုလည်း ဂိတ်မှာစစ်ပေမယ့် အဖမ်းအဆီးကကြမ်းအုံးမှာပဲ”လို့ ကားသမားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းဘက်ကို သွားရောက်မယ့်ကုန်ကား တွေဟာ တိုင်းဒေသကြီး စစ်ဆေးရေး အဖွဲ့ရဲ့ခွင့်ပြုလက်မှတ်ပါရပြီး စစ်ကိုင်းဘက်ခြမ်းနဲ့ မန္တလေးဘက်ခြမ်း နေရာအကုန်လုံးကကုန်ပစ္စည်းတွေဖွင့် ဖောက်စစ်ဆေးဖမ်းဆီး နေတာလို့သိရပါတယ်။

“ယိုး‌‌ဒယားချည်ထည်ပါလို့စစ်ကိုင်းတံတားဂိတ်က ဖမ်းထားတာ။ကျွန်တော့ကား၃ ပါတ်လောက်ရှိပြီဗျာ။မလွတ်သေးပါဘူး”လို့ နောက်ထပ်ကားသမားတဦးက ပြောပါတယ်။

‌ဒါ့အပြင်အိမ်ဆောက်ပစ္စည်း၊ရေတွင်းတူးမယ့်ပိုက်လုံး ကအစသယ်ယူခွင့်မပေးဘူးလို့လည်းသူတို့က​ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ကုန်ကားတွေဟာ ကားတန်ချိန်နဲ့ ကုန်ပစ္စည်း တွေအပေါ်မူတည်ပြီး ကျပ်သိန်းဆယ်ဂဏန်းက နေရာဂဏန်းအထိ စစ်​အုပ်စုကို​ပေးပြီးပြန်ရွေးယူနေရတာလို့ ​ငွေ​ပေး​ရွေးခဲ့ရသူအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။