ဇူလိုင်-၂၇၊၂၀၂၅။မေ/People Spring
စစ်ကိုင်းတိုင်းကိုဖြတ်သွားမယ့်ကားတွေကိုဩဂုတ်လ ၁ ရက်နေ့ကစပြီးစစ်ကိုင်းတံတားနဲ့ရွှေကြက်ယက်ဇက်ဆိပ်မှာသာ ယခင်ကလို ပြန်လည်စစ် ဆေးပြီးခွင့်ပြုပေးသွားမယ်လို့ ကားသမား တွေကပြောပါတယ်။
ဇူလိုင်လ၂၆ ရက်နေ့ကစပြီးစွယ်တော်ကားကွင်းမှာစစ်ဆေးပြီးခွင့်ပြုလက်မှတ်ပါမှဖြတ်သန်းရမယ်ဆိုတဲ့ အမိန့်ကိုစစ်တပ်က ထုတ်ထားရာက နေ ကားအစီး ရေထောင်ပေါင်းများစွာ ပိတ်မိခဲ့ပါတယ်။အဲဒီနောက် အခုလိုထပ်မံ ပြောင်းလဲလိုက်တာလို့ သိရပါတယ်။

“စွယ်တော်ကားကွင်းမှာ ပိတ်တဲ့ဒဏ်ကနေတော့ လွတ်သွားတာပေါ့ဗျာ။အဲဒီကားကွင်းမှာဆို ဧည့်စာရင်းတိုင်ခပေးရ၊ဟိုခပေးရ၊အိမ်ဆောက်ပစ္စည်းပါလို့ပေးရနဲ့။ပြီးရင်စစ်လည်းမပေး ၊ခွင့်ပြုလည်းမ ပေးနဲ့။ငွေပေးမှရတာ။အခုလည်း ဂိတ်မှာစစ်ပေမယ့် အဖမ်းအဆီးကကြမ်းအုံးမှာပဲ”လို့ ကားသမားတဦးက ပြောပါတယ်။

Public Service Announcement
စစ်ကိုင်းတိုင်းဘက်ကို သွားရောက်မယ့်ကုန်ကား တွေဟာ တိုင်းဒေသကြီး စစ်ဆေးရေး အဖွဲ့ရဲ့ခွင့်ပြုလက်မှတ်ပါရပြီး စစ်ကိုင်းဘက်ခြမ်းနဲ့ မန္တလေးဘက်ခြမ်း နေရာအကုန်လုံးကကုန်ပစ္စည်းတွေဖွင့် ဖောက်စစ်ဆေးဖမ်းဆီး နေတာလို့သိရပါတယ်။
“ယိုးဒယားချည်ထည်ပါလို့စစ်ကိုင်းတံတားဂိတ်က ဖမ်းထားတာ။ကျွန်တော့ကား၃ ပါတ်လောက်ရှိပြီဗျာ။မလွတ်သေးပါဘူး”လို့ နောက်ထပ်ကားသမားတဦးက ပြောပါတယ်။
ဒါ့အပြင်အိမ်ဆောက်ပစ္စည်း၊ရေတွင်းတူးမယ့်ပိုက်လုံး ကအစသယ်ယူခွင့်မပေးဘူးလို့လည်းသူတို့ကပြောပါတယ်။
ဖမ်းဆီးခံရတဲ့ကုန်ကားတွေဟာ ကားတန်ချိန်နဲ့ ကုန်ပစ္စည်း တွေအပေါ်မူတည်ပြီး ကျပ်သိန်းဆယ်ဂဏန်းက နေရာဂဏန်းအထိ စစ်အုပ်စုကိုပေးပြီးပြန်ရွေးယူနေရတာလို့ ငွေပေးရွေးခဲ့ရသူအချို့ကပြောပါတယ်။


















































