Connect with us

Hi, what are you looking for?

သတင်း

ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ရာမှာအသုံးပြုတဲ့ကားကို စွန့်ပစ်သွား

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မန်းမြို့စျေးအနီးရှိ ရွှေနန်းသုခရွှေဆိုင်ဓားမြတိုက်ရာမှာ အသုံးပြုခဲ့တဲ့ ကားကို လမ်းဘေးမှာစွန့်ပစ်သွားတယ်လို့ သိရပါတယ်။

ဇူလိုင် – ၂၇ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မန်းမြို့စျေးအနီးရှိ ရွှေနန်းသုခရွှေဆိုင်ဓားမြတိုက်ရာမှာ အသုံးပြုခဲ့တဲ့ ကားကို လမ်းဘေးမှာစွန့်ပစ်သွားတယ်လို့ သိရပါတယ်။

ဓားမြအဖွဲ့စီးလာတဲ့ Honda Fit အဖြူရောင်ကားကို ပုသိမ်ကြီးမြို့နယ်ထဲက လမ်းဘေးတစ်နေရာမှာ စွန့်ပစ်သွားတာကို ဓားပြတိုက်ခံရပြီးနောက် ရက် (ဇူလိုင် ၂၅ ရက်)မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကျူးလွန်သူတွေကို ဒီနေ့ ဇူလိုင် ၂၇ ရက် မနက်ပိုင်း ထိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းမိတာမရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

မန်းမြို့စျေးအနီး ၈၅ လမ်းနဲ့ ၃၉ လမ်းထောင့်က ရွှေနန်းသုခရွှေဆိုင် ဟာ ဇူလိုင်လ ၂၄ ရက် ၊ ညနေပိုင်း ၄ နာရီခန့်က ဓားပြတိုက်ခံရတာပါ ။

ရွှေဆိုင်ကို Honda Fit အမျိုးအစားအိမ် ကားနဲ့ အမျိုးသား ၅ဦး၊ အမျိုး သမီး ၁ဦးပါဝင်တဲ့အဖွဲ့က သေနတ်ပစ်ဖောက်ပြီး ဆိုင်ထဲက ရွှေထည်ပစ္စည်းတွေကို ဓားပြတိုက်ယူဆောင်သွားတာဖြစ်တယ်လို့ ရွှေနန်းသုခ ရွှေဆိုင်ပိုင်ရှင်ဖြစ်သူရဲ့ ပြောကြားထားပါတယ်။

” ပစ္စည်းတွေ တချို့တဝက်ပါသွားတယ် ၊ တချို့တဝက်လည်းကျန်ခဲ့တယ်”လို့ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးက လူမှုကွန်ရက်က အသိပေးထားပါတယ်။

ဓားပြတိုက်တဲ့ဖြစ်စဉ်မှာရွှေဆိုင်ကအမျိုးသား၂ဦးလည်းလက်နဲ့ ခြေ ထောက်တွေမှာ ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ် မေလ၃၁ရက်ကလည်း မန်းမြို့မစျေးအတွင်းဖွင့်လှစ်ထားတဲ့ ဆယ်သန်းရွှေဆိုင် ဒုတိယအကြိမ် ဓားပြတိုက်ခံရပြီး ရွှေ ၄ ပိဿာကျော် ပါသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။