Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်မီးရှို့သည်ကို ငြှိမ်းသတ်ရန်ကြိုးစား​​​သော ၁၅နှစ်အရွယ်က​လေးငယ်​သေနတ်ဖြင့်ပစ်သတ်ခံရ

“ကလေးက အပစ်ခံရပြီး ကယ်ပါကယ်ပါအော်နေတာ။ ဘယ်သူမှသွားမခေါ်ရဲဘူး။”ဟုဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့မှုကြောင့် အိမ်တစ်အိမ်မီးလောင်နေစဥ် လာရောက်ငြှိမ်းသတ်ပေးသည့်အသက်၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအား စစ်ကောင်စီက ​သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့( နိုဝင်ဘာလ ၁၆ ရက်)က ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာသို့ စစ်ကောင်စီ တပ်များ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ရွာအဝင်အစွန်အိမ်များကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ ညနေ ( ၄ ) နာရီကျော်၌ တင်းတိမ်ရံကျေးရွာ သဲကုန်းကြီးဘုန်းကြီးကျောင်းမြောက်ဖက် နေအိမ်တအိမ်အား စစ်ကောင်စီတပ်များ မီးရှို့ခဲ့ပြီး အဆိုပါအိမ်အား မီးငြိမ်းသတ်ရန် ဘုန်းကြီးကျောင်းတွင်နေထိုင်နေသူ အသက် ၁၅ နှစ်အရွယ် မောင်ရှိုင်းထက်ဇော်သည် မော်တာဖွင့် ရေပိုက်ကိုင်ကာ ပြေးထွက်လာပြီး မီးငြှိမ်းသတ်မည်ပြုစဉ် သေနတ်ပစ်ခံရပြီး လဲကျသွားကြောင်း ဒေသခံများက ပြောသည်။

“ကလေးက အပစ်ခံရပြီး ကယ်ပါကယ်ပါအော်နေတာ။ ဘယ်သူမှသွားမခေါ်ရဲဘူး။”ဟုဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များက ၎င်း၏ အနီးအနားတွင်ရှိနေသည့်အတွက် မည်သူမှအလောင်းမကောက်ရဲကြဘဲ အပစ်ခံရပြီး ငါးနာရီနီးပါးအကြာ ည ( ၈.၄၀ ) နာရီမှသာ လူနာကောက်နိုင်ခဲ့ကြောင်း၊ ပေါင်တွင်ကျည်ထိမှန်ခဲ့ပြီး ညတွင်းချင်းဆေးရုံပို့ရန်မလွယ်သည့်အတွက် နံနက်လင်းမှဆေးရုံပို့ရန်စီစဥ်ထားသော်လည်း ယနေ့နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ကွယ်လွန်သူ မောင်ရှိုင်းထက်ဇော်မှာ ရေဦးမြို့နယ် ကွမ်းအုံအုပ်စု မကျီးကုန်းရွာ ဇာတိဖြစ်ပြီး အလောင်းကို မကျီးကုန်းရွာသို့ သယ်ယူရန်ပင် တပ်များရှိနေ၍ သယ်ယူနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။