Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းဘုရင့် မွေးနေ့မှာ ပျော်ပွဲရွှင်ပွဲတွေ မကျင်းပတော့ဘဲ သံဃာတော်တွေကိုပဲ ဆွမ်းလောင်း

နယ်စပ်မှာ စစ်ရေး ပဋိပက္ခတွေ ဖြစ်ပေါ်နေတာကြောင့် ထိုင်းဘုရင်ရဲ့ မွေးနေ့မှာ ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေ မကျင်းပတော့ သံဃာတော်တွေကိုပဲ ဆွမ်းလောင်းပြီး လှူဖွယ်ပစ္စည်းတွေ ဆပ်ကပ်ခဲ့တယ်လို့ သိရပါတယ်။

Khaosod English

နယ်စပ်မှာ စစ်ရေး ပဋိပက္ခတွေ ဖြစ်ပေါ်နေတာကြောင့် ထိုင်းဘုရင်ရဲ့ မွေးနေ့မှာ ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေ မကျင်းပတော့ သံဃာတော်တွေကိုပဲ ဆွမ်းလောင်းပြီး လှူဖွယ်ပစ္စည်းတွေ ဆပ်ကပ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၈ ရက်နေ့ဟာ ထိုင်းဘုရင် မဟာဗဂျီရာ လောင်ကွန်းရဲ့ အသက် ၇၃ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ မနက်ပိုင်းမှာတော့ ဘန်ကောက်မြို့တော်က ဆာနမ်လွမ်မှာ ထိုင်းအစိုးရ အရာရှိတွေက ဘုရင်ရဲ့ ဓာတ်ပုံကို စုပေါင်း အရိုအသေ ပေးခဲ့ကြပြီး သံဃာတော်တွေကိုလည်း ဆွမ်းလောင်းလှူခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ အခမ်းအနားကို ထိုင်းအစိုးရအဖွဲ့ရဲ့ ယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုနဲ့ ဇနီးဖြစ်သူတို့က ကြီးမှူးခဲ့ပြီး တော်ဝင်မိသားစုရဲ့ မင်းတိုင်ပင်ခံ ကောင်စီဝင်တွေ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ၊ တရားရုံးချုပ် အကြီးအကဲ၊ တော်ဝင် အိမ်တော် ဝန်ထမ်းတွေ၊ ဘန်ကောက် အုပ်ချုပ်ရေးမှူး၊ စစ်ဘက် အကြီးအကဲတွေ၊ အမျိုးသား ရဲတပ်ဖွဲ့ ကော်မရှင်နာနဲ့ ဇနီး၊ အစိုးရ ဝန်ကြီးဌာန အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။

လက်ရှိမှာ ရာထူးက ဆိုင်းငံ့ခံထားရသူ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကလည်း ခင်ပွန်းသည်နဲ့အတူ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဖေထောင်ထန်ဟာ ဝန်ကြီးချုပ် တာဝန်တွေ ဆိုင်းငံ့ခြင်း ခံထားရပေမယ့်လည်း ယဉ်ကျေးမှု ဝန်ကြီးအနေနဲ့တော့ အစိုးရ အဖွဲ့ထဲမှာ ဆက်ရှိနေဆဲပါ။

Public Service Announcement

Public Service Announcement

အစဉ်အလာအရဆိုရင် ထိုင်းဘုရင့် မွေးနေ့ မတိုင်ခင် တစ်ရက်အလိုကတည်းက ပျော်ပွဲရွှင်ပွဲတွေ၊ ပွဲလမ်းသဘင် အခမ်းအနားတွေ ကျင်းပပြီး ဂုဏ်ပြု ကြိုဆိုကြပေမယ့် အခုနှစ်မှာတော့ နန်းတော်မှာ အဲဒီအခမ်းအနားတွေ ကျင်းပမယ့် အစီအစဉ်တွေ အားလုံးကို ကမ္ဘောဒီးယားနဲ့ နယ်စပ် ပဋိပက္ခတွေကြောင့် ပယ်ဖျက်ဖို့ ဘုရင်က အမိန့်ပေးထားပါတယ်။ ထိုင်းဘုရင်ဟာ နိုင်ငံက ခြိမ်းခြောက်မှုတွေ ကြုံတွေ့နေတဲ့ အခြေအနေကိုပဲ အဓိက စိုးရိမ် သောကရောက်နေတယ်လို့လည်း ဆိုပါတယ်။

ထိုင်းဘုရင်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇူလိုင် ၂၈ ရက်နေ့မှာပဲ ထိုင်းယာယီဝန်ကြီးချုပ် ဖုန်သမ်ဟာ မလေးရှား နိုင်ငံကို သွားရောက်ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်နဲ့ မျက်နှာစုံညီ ဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။ ဇူလိုင် ၂၄ ရက်နေ့မှာ စတင်ခဲ့တဲ့ နှစ်နိုင်ငံ စစ်ရေး ပဋိပက္ခကို ရပ်တန့်စေနိုင်ရေး ဆွေးနွေးဖို့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားက နေရာထိုင်ခင်း စီစဉ်ပေးတဲ့ သဘောဖြစ်ပြီး ဆွေးနွေးမှုကိုတော့ ပဋိပက္ခနဲ့ တိုက်ရိုက်ဆက်နွှယ်တဲ့ နိုင်ငံနှစ်ခုကပဲ ကြားလူစေ့စပ်ပေးမှု မပါဘဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ပုံမှန် စီစဉ်ကျင်းပနေကျ မွေးနေ့ အခမ်းအနား ပွဲလမ်းသဘင် အားလုံးကို ဖျက်သိမ်းဖို့ ထိုင်းဘုရင်က ညွှန်ကြားခဲ့ပါတယ်။