Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

အပစ်ရပ်ရေးဟာ မလေးရှားဆွေးနွေးပွဲရဲ့အဓိက ခေါင်းစဉ်ဖြစ်လိမ့်မယ်လို့ထိုင်းယာယီဝန်ကြီးချုပ်ပြော

ကမ္ဘောဒီးယားအပေါ် သံသယ ရှိနေဆဲလို့ မှတ်ချက်ပေး

ထိုင်းယာယီဝန်ကြီးချုပ် မ​လေးရှားသို့​ရောက်ရှိစဥ်။ ဓာတ်ပုံ - Khaosod

ဇူလိုင်-၂၈၊၂၀၂၅။People’s Spring

မလေးရှားနိုင်ငံမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှုရဲ့ အဓိက ခေါင်းစဉ်ဟာ အပစ်အခတ်ရပ်စဲရေးဖြစ်လိမ့်မယ်လို့ထိုင်းယာယီ ဝန်ကြီးချုပ်ကဆိုပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားခေါင်းဆောင်တွေဟာ လက်ရှိ ဖြစ်ပွားနေတဲ့ နှစ်နိုင်ငံ နယ်စပ် ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့မှာ ဇူလိုင် ၂၈ ရက် ညနေပိုင်းမှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

အဲဒီ ဆွေးနွေးပွဲကိုထိုင်းဖက်က ယာယီဝန်ကြီးချုပ်ဖုန်သမ်ဝီချာရာချိုင်၊ကမ္ဘောဒီးယားဖက်ကဝန်ကြီးချုပ်ဟွန်မာနတ်တို့အသီးသီးဦးဆောင်ပြီးတက်ရောက်ကြမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းသတင်းဌာန Khaosod ရဲ့ဖော်ပြချက်အရဆွေးနွေးပွဲရဲ့အဖွင့် အကြောင်းအရာကိုက အပစ်အခတ် ရပ်စဲရေး ဖြစ်လိမ့်မယ်လို့ ဖုန်သမ်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

ကမ္ဘောဒီးယားဟာ အခု ဆွေးနွေးပွဲမှာ တရုတ်၊ အမေရိကန်တို့လို အင်အားကြီး နိုင်ငံတွေ ပါဝင်ကူညီ စေ့စပ်ပေးတာမျိုး ဖြစ်မြောက်စေဖို့ မလေးရှား အစိုးရဆီ တောင်းဆိုခဲ့ပေမယ့် ထိုင်းကတော့ ကာယကံရှင် နိုင်ငံနှစ်ခု ထိပ်တိုက် ဆွေးနွေးမှုကိုပဲ လက်ခံမယ်လို့ အတိအလင်း အသိပေးထားကြောင်းလည်း ဖုန်သမ်က ဆိုပါတယ်။

ကမ္ဘောဒီးယားဟာအစောပိုင်းမှာအပစ်အခတ် ရပ်စဲရေးကို အဆိုပြုခဲ့ပေမယ့် ထိုင်းဖက်ကို ဆက်လက်ပြီး ရန်လို တိုက်ခိုက်နေခဲ့တာ၊ ပြဿနာ ရှာနေခဲ့တာတွေနဲ့ ပတ်သက်လို့လည်း ထိုင်းကသံသယ ရှိနေဆဲလို့ ဖုန်သမ်က ပြောပါတယ်။

ထိုင်းကလည်းအပစ်အခတ်ရပ်စဲရေးအဆိုပြုချက် တစ်ခုကို တင်ပြသွားမယ်လို့ သူက အတည်ပြုခဲ့ပါတယ်။

ထိုင်းဟာအစကတည်းကကမ္ဘောဒီးယားရဲ့ကမ်းလှမ်းချက်တွေကို နား ထောင် ခဲ့ပြီး ဖြစ်ကြောင်း၊ ဒါပေမဲ့ ကမ္ဘောဒီးယားဟာ ကိုယ်တိုင် အဆိုပြုထားတာတွေကို ဘယ်တုန်းကမှ ကိုယ်တိုင် လေးစားမှု မရှိခဲ့ကြောင်း၊ လက်ရှိ ဖြစ်ရပ်မှာလည်း ပြဿနာ ရှိနေတာ ထိုင်းဖက်က မဟုတ်မှန်း တစ်ကမ္ဘာလုံး သဘောပေါက်ကြကြောင်း ဖုန်သမ်ရဲ့ စကားကို Khaosodက ဖော်ပြထားပါတယ်။

သူက ကမ္ဘောဒီးယားဟာ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို ချိုးဖောက်တဲ့ တရားလက်မဲ့ ကျင့်ကြံ လုပ်ဆောင်မှုတွေကို ကျူးလွန်ခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ အဲဒီ လုပ်ရပ်တွေထဲမှာတော့ တစ်ကမ္ဘာလုံး ဘယ်သူမှ မလုပ်မယ့် ဆေးရုံတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ အရပ်သားတွေကို ပစ်မှတ်ထားတာတွေ ပါဝင်ပြီး ကလေးတွေ၊ ကျောင်းသားတွေ အပါအဝင် အများအပြားကိုထိခိုက် သက်ရောက်စေခဲ့ကြောင်း၊နောက်ပြီးကမ္ဘောဒီး ယားဟာ အော့တိုဝါ သဘောတူ စာချုပ်ကို ချိုးဖောက်ပြီး မြေမြှုပ်မိုင်းတွေလည်း နယ်စပ်မှာ ထောင်ထားခဲ့ကြောင်း ယာယီ ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။

ကိုးကား- Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook