Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို အသိအမှတ်ပြုရာ​ရောက်မယ့် ကိစ္စတိုင်းကို ထိုင်းက ရှောင်သင့်တယ်လို့ အမေရိကန်သံအမတ်ကြီးလောင်း တိုက်တွန်း

ထိုင်းအစိုးရအနေနဲ့အာဏာသိမ်းစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရာရောက်မယ့် ကိစ္စတိုင်းကို ရှောင်ကြဉ်သင့်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် လျာထားခံရတဲ့ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် လျာထားခံရတဲ့ရှောင်အိုနေးလ်။ဓါတ်ပုံ-AFP

ဇူလိုင်-၃၁၊၂၀၂၅။People’s Spring

ထိုင်းအစိုးရအနေနဲ့အာဏာသိမ်းစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရာရောက်မယ့် ကိစ္စတိုင်းကို ရှောင်ကြဉ်သင့်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် လျာထားခံရတဲ့ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ရှောင်အိုနေးလ်ဟာ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ်ခန့်အပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့လျာထားခြင်းကိုခံရတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။သူက ရာထူးကို တရားဝင် လက်ခံပြီးတဲ့ အချိန်ကျရင်ထိုင်းအစိုးရဆီအသိပေး ဆွေးနွေးမယ့် အမေရိကန်ရဲ့ သဘောထားတွေနဲ့ ပတ်သက်လို့ မှတ်ချက် ပေးခဲ့ရာမှာ မြန်မာအကြောင်းကို ထည့်ပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရပ်တည်ချက်ကတော့ အာဏာသိမ်း စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စကို လုံးဝ ထောက်ခံမှာ မဟုတ်ဘူးဆိုတာ ဖြစ်တယ်လို့ အိုနေးလ်က ဆိုပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့်ကိစ္စ တိကျသေချာသွားပြီ ဆိုရင်တော့ နိုင်ငံ အစိတ်အပိုင်း ၅၀ ရာခိုင်နှုန်းတောင်မပါဝင်နိုင်တဲ့၊ အတိုက်အခံအများစုထောင်သွင်းအကျဉ်းချတာ ခံထားရတဲ့အခြေအနေမှာကျင်းပမယ့်အဲဒီလို ရွေးကောက်ပွဲမျိုးကိုအသိအမှတ်မပြုဖို့သူက တိုက်တွန်းသွားမယ်လို့အိုနေးလ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီးထိုင်းနဲ့ကမ္ဘောဒီးယားကြားက လတ်တလော ဖြစ်ပွားထားတဲ့ နယ်စပ် ပဋိပက္ခတွေဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် ကောင်းကျိုး မရှိနိုင်ဘူးဆိုတဲ့အမေရိကန်ရဲ့သဘောထားကိုလည်းထိုင်းအစိုးရဆီအသိပေးနားချသွားမယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ထိုင်းဟာ အာရှတိုက်မှာအမေရိကန်က သေသေချာချာ စာချုပ်ထားတဲ့ မဟာမိတ် နိုင်ငံတွေထဲက တစ်ခုဖြစ်ကြောင်း၊ကမ္ဘောဒီးယားနဲ့ဖြစ်ပွားတဲ့အခုလိုပဋိပက္ခမျိုးကထိုင်းပြည်သူတွေအတွက် ကောင်းကျိုး မရှိသလို ထိုင်း-အမေရိကန် မဟာ

မိတ် ဆက်ဆံရေးကိုလည်း အားကောင်းလာစေမှာ မဟုတ်ကြောင်း၊ ပြီးတော့ မဟာမိတ် နှစ်နိုင်ငံ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တုံ့ပြန် ဖြေရှင်းရာမှာလည်း ဘာအကျိုးမှ မဖြစ်ထွန်းနိုင်ကြောင်း အိုနေးလ်က ဝေဖန်ခဲ့ပါတယ်။

အခုလို စစ်ရေးပဋိပက္ခမျိုးဟာထိုင်းအနေနဲ့မလိုအပ်ဘဲ အသက်တွေ၊ ဘဏ္ဍာငွေတွေကို ဖြုန်းတီးနေတာသာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဇူလိုင်၂၄ ရက်ကနေ ၂၈ ရက်ထိ ၅ ရက်တာ ဖြစ်ပွားခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် စစ်ရေးပဋိပက္ခတွေအတွင်း စုစုပေါင်း လူ ၄၃ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃ သိန်းကျော်နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ကိုးကား-CNA

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

Facebook