Connect with us

Hi, what are you looking for?

သတင်း

မန္တလေးကရွှေဆိုင်ဓားပြတိုက်သွားတဲ့ အဖွဲ့ခေါင်းဆောင်ကို မိပြီလို့ဆို

မန္တလေးမြို့ ၊ မန်းမြို့စျေးအနီးက ရွှေနန်းသုခ ရွှေဆိုင်ကို ဓားပြတိုက်သွားတဲ့အဖွဲ့ခေါင်းဆောင်နဲ့အဖွဲ့သား တစ်ဦးကို အခင်းဖြစ်ပြီး တစ်ပတ်အကြာ ပြင်ဦးလွင်မှာ ဖမ်းမိတယ်လို့စစ်ကောင်စီ လက်အောက်ခံ မန္တလေး ရဲတပ်ဖွဲ့က ဆိုထားပါတယ်။

သြဂုတ် -၂ ၊ ၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ မန်းမြို့စျေးအနီးက ရွှေနန်းသုခ ရွှေဆိုင်ကို ဓားပြတိုက်သွားတဲ့အဖွဲ့ခေါင်းဆောင်နဲ့အဖွဲ့သား တစ်ဦးကို အခင်းဖြစ်ပြီး တစ်ပတ်အကြာ ပြင်ဦးလွင်မှာ ဖမ်းမိတယ်လို့စစ်ကောင်စီ လက်အောက်ခံ မန္တလေး ရဲတပ်ဖွဲ့က ဆိုထားပါတယ်။

ဓားပြအဖွဲ့ခေါင်းဆောင် အသက် ၃၉ နှစ်အရွယ် အမျိုးသားနဲ့ အဖွဲ့သား အသက် ၃၂ နှစ်အရွယ် အမျိုးသား တို့ကို ပြင်ဦးလွင်မြို့ ၊ တိုးကြီးကုန်းကျေးရွာရှိ နေအိမ်တစ်အိမ်မှာ ဇူလိုင် ၃၁ ရက်ညပိုင်းက ဖမ်းမိတာလို့သိရပါတယ်။

ဖမ်းမိချိန်မှာ ဓားပြတိုက်ချိန်က အသုံးပြုခဲ့တဲ့ ပစ္စတိုသေနတ်နဲ့အတူ ရွှေထည်တွေ သိမ်းဆည်းရမိတယ်လို့လည်း ဓာတ်ပုံ နဲ့ ပြသထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ရွှေနန်းသုခ ရွှေဆိုင်ကို ဓားပြတိုက်ချိန် အမျိုးသား ငါး ဦး နဲ့အမျိုးသမီး တစ် ဦး အဖွဲ့ဖြစ်ပြီးဆိုင်ဝန်ထမ်းနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုင်ပိုင်ရှင်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ဓားပြတိုက်ခိုက်ခံရတဲ့ရွှေထည်ပစ္စည်းပမာဏာကိုတော့သူက မပြောထားပါတယ်။

ဖမ်းထားသူ နှစ်ဦးကိုတော့ မဟာအောင်မြေမြို့န​ယ် ၊မြို့မရဲစခန်းမှာ ချုပ်ထားတယ်လို့သိရပါတယ်။

ရွှေဆိုင်ကို ဓားပြတိုက်တဲ့အဖွဲ့ အသုံးပြုခဲ့တဲ့ Honda Fit အဖြူရောင်ကားကို ပုသိမ်ကြီးမြို့နယ်ထဲမှာ စွန့်ပစ်ထားခဲ့တာ အခင်းဖြစ်ပြီး နောက်ရက်မှာ ရှာတွေခဲ့တာပါ။

မန္တလေးမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လူစည်ကားရာနေရာတွေက ဘဏ်တွေ ၊ ရွှေဆိုင်တွေ အပြင် စက်သုံးဆီဆိုင်တွေကို အဖွဲ့လိုက် ဓားပြတိုက်တဲ့ ဖြစ်စဉ်တွေဖြစ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook