Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်သို့ စစ်ကောင်စီက စစ်အင်အားထက် လက်နက်ခဲယမ်းရိက္ခာများဖြည့်တင်းခြင်းဟု KIAပြော

အာဏာသိမ်းစစ်ကောင်စီက ဗန်းမော်မြို့သို့ စစ်သင်္ဘောများဖြင့် လာရောက်ခြင်းမှာ စစ်အင်အားထက် လက်နက်ခဲယမ်း ရိက္ခာများဖြည့်တင်းခြင်းဖြစ်နိုင်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်သင်္ဘောအုပ်စုပေါ်မှ ရိက္ခာပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

ဩဂုတ်-၂၊ ၂၀၂၅။ ဇော်ရမ်း၊ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ဗန်းမော်မြို့သို့ စစ်သင်္ဘောများဖြင့် လာရောက်ခြင်းမှာ စစ်အင်အားထက် လက်နက်ခဲယမ်း ရိက္ခာများဖြည့်တင်းခြင်းဖြစ်နိုင်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မန္တလေးမြို့မှ ဧရာ၀တီမြစ်ကြောင်းအတိုင်းတက်လာသည့် စစ်သင်္ဘောအုပ်စုသည် KIAနှင့်တော်လှန်ရေး တပ်များ၏ တိုက်ခိုက်မှုခံခဲ့ရသော်လည်း ဩဂုတ် ၁ရက် ညပိုင်း၌ ဗန်းမော်မြို့သို့ သင်္ဘော ၁၁စီးခန့် ဆိုက်ကပ်နိုင်ခဲ့သည်။

” ဘယ်နှစ်စီးရောက်တယ်ဆိုတာ အတိအကျ မသိဘူး အနည်းဆုံးတော့ ၁၁စီးလား မသိဘူးအဲဒီလောက်တော့ ရောက်လောက်ပြီလို့ထင်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သင်္ဘောများပေါ်၌ စစ်ကောင်စီ အင်အားအများအပြား ဖြည့်တင်းခြင်းမတွေ့ရဟု ၎င်းက ဆိုသည်။

“လုံခြုံရေးလောက်ပဲ သူတို့လိုက်လာတာပေါ့။ အများပိုင်းကတော့ ရိက္ခာတွေ၊ နောက် လက်နက်ခဲယမ်းတွေပေါ့ အဲဒါတွေ ပိုများမယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIAသည် ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၄ ဒီဇင်ဘာကတည်းက ထိုးစစ်ဆင်ခဲ့ရာ လက်ရှိတွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ ခလရ(၄၇) အပါအဝင် စစ်ကောင်စီတပ်စခန်းများ သိန်းပိုက်နိုင်ရန် ကျန်နေသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရေလမ်းကိုအသုံးပြုပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူအင်အားပို့ဖို့ စစ်တပ်က မန္တလေးမြို့ဂေါ်ဝိန်ဆိပ်ကမ်းမှာ ပြင်ဆင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်းမှာ အခု ဇွန်လအတွင်း စစ်တပ်စခန်းသိမ်းတိုက်ပွဲတွေမှာ ရရှိတဲ့ လက်နက်၊ခဲယမ်းတွေကို ပါ၀င်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ ခွဲဝေပေးနေပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

Facebook