Connect with us

Hi, what are you looking for?

သတင်း

ကြံ့ဖွံ့ပါတီ စစ်တပ်​ထောက်ခံတဲ့ အနုပညာရှင်​တွေနဲ့​တွေ့ဆုံ

စစ်တပ်ပါတီဖြစ်တဲ့ ပြည်​ထောင်စုကြံခိုင်​ရေးနဲ့ဖွံ့ဖြိုး​ရေးပါတီ ဥက္ကဌဦးခင်ရီက စစ်တပ်​ထောက်ခံတဲ့အနုပညာရှင်​တွေ နဲ့​တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။

ဓါတ်ပုံ-USDP

ဩဂုတ်-၃၊၂၀၂၅။တေဇ/People’s Spring

စစ်တပ်ပါတီဖြစ်တဲ့ ပြည်​ထောင်စုကြံခိုင်​ရေးနဲ့ဖွံ့ဖြိုး​ရေးပါတီ ဥက္ကဌဦးခင်ရီက စစ်တပ်​ထောက်ခံတဲ့အနုပညာရှင်​တွေ နဲ့​တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။

‘မိတ်ဆွေများနဲ့ တွေ့ဆုံပွဲ’လို့ ခေါင်းစဉ်တပ်ထားတဲ့​တွေ့ဆုံပွဲမှာ ကြံ့ဖွံ့ ပါတီဥက္ကဌ ကစစ်ကောင်စီကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းတွေကို စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်တွေ ၊ မီဒီယာတွေနဲ့ တွေ့ဆုံ စဥ် အဓိက​ပြောခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ဒီတွေ့ဆုံပွဲကို ဇူလိုင် ၃၁ရက်​နေ့ ရန်ကုန်ရုံးခွဲမှာပြုလုပ်ခဲ့တာပါ။

စစ်အုပ်စုနဲ့တွေ့ဆုံပွဲတိုင်းမှာ အမြဲတမ်းပါဝင်​လေ့ရှိတဲ့ နေအောင် ၊ ရန်အောင် ၊ ငှက်ပျောကြော် ၊ မိုးဒီ ၊ တိမ်ညွန့် ၊ ဒါရိုက်တာကျော်ဇောလင်း၊ ဝင်းမော်(ရွှေသံစဉ်)၊ စိုးမြတ်သူဇာ ၊ ယမင်းကိုကို ၊ မုဏ်း ၊ သင်္ဇာမြင့်မိုရ် တို့တတ်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ ခန့်စည်သူ ၊ယုန်​လေး ၊ခင်လှိုင်၊ဒိန်း​ဒေါင်စတဲ့ စစ်တပ်​ထောက်ခံတဲ့အနုပညာရှင်​တွေကို​တော့ ဒီ​တွေ့ဆုံမှုမှာမ​တွေ့ရပါဘူး။

Public Service Announcement

Public Service Announcement

ကြံ့ဖွံ့ပါတီဥက္ကဌကပါတီသမိုင်း ၊ ရွေးကောက် ပွဲအောင်မြင်စွာကျင်းပနိုင်ရေး နဲ့ မိမိကြိုက်နှစ်သက်ရာ အဖွဲ့အစည်းတွေကို မဲပေးရေးအပါအဝင် ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

မီဒီယာတွေနဲ့ တွေ့ဆုံရာမှာတော့ နိုင်ငံရေးနဲ့သက်‌‌ဆိုင်တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တာမဟုတ်ပဲ ဖျော်ဖြေရေးအမည်ခံ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့တပတ်က လူမှုကွန်ရက်စာမျက်နှာမှာ အမေရိကန်နိုင်ငံ၊ San Francisco Bay Area မှာ ကျင်းပခဲ့တဲ့ "အဝေးရောက် နတ်မင်းများ ဂီတနှင့်သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ"အကြောင်း သတင်းတွေ မြင်ခဲ့ရတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

အတွေးအမြင်

လက်တလော တောင်ကိုရီးယား ရုပ်ရှင်အနုပညာကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ တောင်ကိုရီးယားရှပ်ရှင်လောကမှာ လူသိများတဲ့ ရုပ်ရှင်မင်းသမီးငယ်လေး အန်ဟာယောင်း (Ahn Ha-young)ဆိုသူဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ သူ့ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး မျိုးဆက် ၄ ဆက်တိုင်တိုင် ဆရာဝန်တွေချည်းဖြစ်ကြောင်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။