Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမှာတပ်ထောက်ခံသူရဲ့နေအိမ်ပေါ် စစ်တပ်ကြဲချတဲ့ ဒရုန်းဗုံးသီးကျပြီး သုံးဦးထိခိုက်၊ မင်းလှမှာ တပ်သားသစ်နှစ်ဦး ဖမ်းမိ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုင်ကြီးဒေါင့်ရွာမှ နေအိမ်တစ်လုံးပေါ်ကို စစ်ကောင်စီတပ်ကြဲချတဲ့ ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး မိသားစုဝင်သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်အချို့ထံကသတင်းရရှိပါတယ်။

စစ်တပ်ထံကထွက်​ပြေးလာတဲ့စစ်သားသစ် ၂ ဦးကို PDF ​တွေထိန်းသိမ်းထားစဥ်။ဓါတ်ပုံ-PDF တပ်ရင်း ၃၈၀၂

သြဂုတ်-၄၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုင်ကြီးဒေါင့်ရွာမှ နေအိမ်တစ်လုံးပေါ်ကို စစ်ကောင်စီတပ်ကြဲချတဲ့ ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး မိသားစုဝင်သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်အချို့ထံကသတင်းရရှိပါတယ်။

သြဂုတ်၂ ရက်နေ့ည ၇ နာရီခန့်က မင်းလှမြို့ နယ် ဘန့်ဘွေးကုန်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက အထိုင်ချနေရာနဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ အုတ်ဖိုမြို့နယ်ထဲက အိုင်ကြီးဒေါင့်ရွာပေါ်ကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာလို့ အဲဒီရင်းမြစ်တွေက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိုင်ကြီးဒေါင့်ရွာမှ စစ်တပ်ထောက်ခံသူ ဒေါ်မြင့်ဝင်းရဲ့နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီးမိသားစုဝင်သုံးဦးထိခိုက်ဒဏ်ရာရသွားတို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အိမ်လည်းပျက်စီးသွားတယ်။ မမြင့်ဝင်း ဗိုက်ကို ဗုံးစထိတာ ခုပြည်သူ့ဆေးရုံမှာ။ထိတာကသုံးယောက်၊မိန်းကလေး၂ ယောက်၊ယောကျာ်းလေး ၁ ယောက်”လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက People’s Spring ကို ပြောပါတယ်။

ဗုံးစထိမှန်လို့ထိခိုက်ဒဏ်ရာရသူသုံးဦးမှာ ဒေါ်မြင့်ဝင်းဆိုသူအား ဆေးရုံသို့ပို့ဆောင်ကုသထားရပြီး ကျန်နှစ်ဦးကတော့ ထိခိုက်ဒဏ်ရာအနည်းငယ်သာရခဲ့တယ်လို့ အဲဒီရင်းမြစ်က ဆက်ပြောပါတယ်။

အုတ်ဖိုနဲ့ နယ်မြေချင်းထိစပ်နေတဲ့ မင်းလှမြို့ နယ်၊ မင်းလှဆည်အနီးမှာ စစ်ကောင်စီလက်ကထွက်ပြေးလာတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်နှစ်ဦးကို လက်နက်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ဒီကနေ့ သြဂုတ် ၄ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသူနှစ်ဦးဟာစောထူးဖောနဲ့ စောအယ်ကညောဆိုသူတွေဖြစ်ပြီး ရန်ကုန်တိုင်း၊ လှည်းကူမြို့နယ်၊ ရဲမွန်တပ်မြို့မှာရှိတဲ့ သင်တန်းကျောင်းမှာ ၁၁ ပတ်ကြာစစ်သင်တန်းတက်ရောက်ခဲ့ရတဲ့ စစ်မှုထမ်းအပတ်စဥ် (၁၂)ဆင်း တပ်သားသစ်တွေဖြစ်တယ်လို့ ဖော်ပြပါတယ်။

“သူတို့ပြေးလာတော့ရွာမှာမနေရဲတာနဲ့မင်းလှဆည်မှာငါးရှာစားရင်းလာရှောင်နေ​ကြတာလို့ပြောတယ်။ဆည်ဘောင်မှာ သူတို့ကိုတွေ့တော့ မသင်္ကာတာနဲ့စစ်မေးမှ စစ်မှုထမ်းတပ်သားသစ်တွေဆိုတာသိရတာ”လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ တာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

အဲဒီတပ်သားသစ်နှစ်ဦးမှာစောထူးဖောဟာ အုတ်ဖိုမြို့နယ်သားတစ်ဦးဖြစ်ပြီး အခုနှစ်မတ်လ ၁၄ ရက်က သစ်ရောင်းပြီးဆိုင်ကယ်နဲ့အပြန်တောင်သုံးလုံးရွာသစ်အရောက်မှာ စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံရပြီး စစ်မှုထမ်းသင်တန်းသို့ အတင်းအဓမ္မပို့ခံရတာလို့ ဆိုပါတယ်။

ဒါ့အပြင်နောက်တစ်ဦးဖြစ်တဲ့ စောအယ်ကညောဟာ မင်းလှမြို့နယ်သားတစ်ဦးဖြစ်ပြီး မတ်လ ၂၈ ရက်က ကိုင်းပြင်ကြီးရွာထိပ်မှာ ဝါးခုတ်နေစဥ် စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးတာကိုခံရပြီး စစ်မှုထမ်းသင်တန်းပို့ခံရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်းချိန်မှာသူတို့ကို ရခိုင်ပြည်နယ်ဘက်မပို့ခင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာရှိတဲ့ ဘုရင့်နောင်စစ်ကြောရေးမှာ လူစုနေစဥ် ဇူလိုင် ၂၁ ရက်နေ့မှာ တခြားတပ်သားသစ်လေးဦးနဲ့အတူ ထွက်ပြေးလွတ် မြောက်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

“မတရားပေါ်တာဆွဲခံရပြီး စခတပ်ထဲရောက်ခဲ့ရသူတွေမို့ အခြေအနေခဏစောင့်ကြည့်ပြီး ပြန်လွှတ်ပေးဖို့ စီစဥ်ထားပါတယ်”လို့ ဖမ်းမိထားတဲ့ တပ်သားသစ်နှစ်ဦးနဲ့ပတ်သက်ပြီးတပ်ခွဲ (၅ )ရဲ့တာဝန်ရှိသူက ရှင်းပြပါတယ်။

ဒါ့အပြင် သူတို့နှစ်ဦးဟာ တော်လှန်ရေးတပ်ဖွဲ့ထဲဝင်ရောက်လိုခြင်းမရှိဘဲ မိသားစုနဲ့အတူနေပြီး စစ်ကောင်စီတပ်နဲ့လွတ်ကင်းမယ့်နေရာမှာ လုပ်ကိုင်စားသောက်နေထိုင်ဖို့ ဆန္ဒရှိကြတယ်လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ထံက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

သတင်း

ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက စစ်တပ်စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကို ရောက်ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ဦးဟာ သင်တန်းဆင်းပြီး ၁လအကြာမှာ COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။