Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာစစ်တပ်က ပစ်ခတ်ပြီး ပေါ်တာလိုက်ဆွဲနေ

မန္တလေးတိုင်း၊ဝမ်းတွင်းမြို့နယ်မှာစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေကို ပေါ်တာဆွဲနေပြီး ပစ်ခတ်ဖမ်းဆီးတာတွေပါ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လအတွင်း ဖွင့်လှစ်ခဲ့တဲ့ စစ်မှုထမ်း အပတ်စဥ်-အပတ်စဥ်၁၄ တက်ရောက်ဖို့ ရောက်ရှိလာတဲ့ သင်တန်းသားတွေကို တွေ့ရစဥ်။ ဓာတ်ပုံ-စကစ

သြဂုတ်-၅၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ဝမ်းတွင်းမြို့နယ်မှာစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေကို ပေါ်တာဆွဲနေပြီး ပစ်ခတ်ဖမ်းဆီးတာတွေပါ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ နောက်ဆုံးပတ်ကတည်းက မိတ္ထီလာလေတပ်က စစ်ကောင်စီတပ်ဟာ ဝမ်းတွင်းမြို့နယ်ထဲပတ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း၊ သြဂုတ် ၁ ရက်နေ့ မနက်ကတော့ ကျောင်းကုန်းရွာ အနောက်ဘက်ယာတောထဲ နှမ်းရိတ်နေသူတွေကိုဝင်ရောက်ပေါ်တာဆွဲရာ အမျိုးသား ၈ဦးပါသွားပြီး ထွက်ပြေးသူတွေကိုလည်းသေနတ်နဲ့ ပစ်ဖမ်းခဲ့ကြောင်း ဝမ်းတွင်းအခြေစိုက် ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Wundwin အဖွဲ့က ပြောပါတယ်။

“လူတော့မထိဘူးကြားတယ်”လို့ Voice Of Wundwin အဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ဇူလိုင် ၃ ရက်ညနေပိုင်းကလည်း ကြွယ်ကန်ရွာက လူငယ် ၂ ဦးကို ဖမ်းဆီးသွားကြောင်း၊ စစ်ကောင်စီဟာ ရွာတွေတင်မကဘဲ ကားဂိတ်တွေမှာပါ လိုက်ဖမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်နောက်ဆုံးပတ် ဖမ်းဆီးမှုတွေမှာတော့ လူငယ် ၃၀ ထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီကစစ်မှုထမ်းအပတ်စဥ်(၁၆)ကို စတင်ဖို့ ကြိုးစားနေပြီး မန္တလေးမြို့ပေါ်မှာတင် လူငယ်တွေ အများအပြား စစ်မှုထမ်းဖို့ မဲနှိုက်နေကြရကာ အဓမ္မဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ တပ်သားသစ်တွေ အနေနဲ့အခွင့်သာတဲ့ အချိန်တိုင်း တော်လှန် ရေးအင်အားစုတွေဆီ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးကူးပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရက(NUG)က တိုက် တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။