Connect with us

Hi, what are you looking for?

သတင်း

နတ်အိမ်တောင်တပ်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး လေးဦးသေ၊ လက်နက်ခဲယမ်းအချို့ရဟု နည်းဗျူဟာ(၃၃)ထုတ်ပြန်

တနင်္သာရီတိုင်း၊ကလိန်အောင်မြို့ အရှေ့ခြမ်း မြန်မာ-ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင်တပ်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နည်းဗျူဟာ(၃၃)က ယမန်နေ့ (ဩဂုတ်၅ရက်) ထုတ်ပြန်သည်။

Screenshot

သြဂုတ်-၆၊၂၀၂၅။ထားမြတ်၊ရဲခေါင်/Peoples Spring

တနင်္သာရီတိုင်း၊ကလိန်အောင်မြို့ အရှေ့ခြမ်း မြန်မာ-ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင်တပ်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နည်းဗျူဟာ(၃၃)က ယမန်နေ့ (ဩဂုတ်၅ရက်) ထုတ်ပြန်သည်။

သြဂုတ် ၄ရက် နေ့လယ် ၁နာရီ၁၅မိနစ်ခန့်က နတ်အိမ်တောင်စခန်း စစ်ကူလာသောအင်အား၆၀ခန့်ပါစစ်ကောင်စီတပ်နှင့်ပူးပေါင်းမဟာမိတ်တော် လှန်ရေးတပ်ဖွဲ့မှ ကာကင်းယူထားသောတပ်ဖွဲ့ဝင်များနှင့်ကော့လှိုင်ကျေး ရွာအနီးတွင် ထိတွေ့မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

၄၅ မိနစ်ခန့်ကြာ ထိတွေ့မှုဖြစ်ပွားစဥ် စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ သောကြောင့် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်ထံမှ ခမရ (၄၀၉)တပ်ရင်းနံပါတ်ပါ MA 4 တစ်လက်၊ ၆၀မမဗုံးသီး လေးလုံး၊ အီနာဂါဗုံးသီး နှစ်လုံး၊ ကျည်ဘောက် ခုနစ်ခုနှင့် ကျည် ၁၀၀ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း နည်းဗျူဟာ(၃၃)က ဖော်ပြသည်။

” စစ်ကူစစ်ကြောင်းတွေထပ်ရောက်လာတော့ တိုက်ပွဲအရှိန်ပိုမြင့်လာဖို့ရှိတယ်”ဟု နတ်အိမ်တောင်စခန်း၏ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ ဗျူဟာ(၃၃)စစ်ဆင်ရေးမှူး စောဒါးကိုက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိိခဲ့ပြီး ဆုံးရှုံးထိခိုက်မှုမရှိိခဲ့ကြောင်း သိရသည်။

ထိတွေ့မှုဖြစ်စဥ်တွင် KNLAတပ်ရင်း ( ၂၇ )တပ်ဖွဲ့၊ နည်းဗျူဟာ ( ၃၃) စစ်ဆင်ရေးတပ်ဖွဲဲ့၊ ဒေါနတပ်ရင်း-၂ YGF)တပ်ဖွဲ့၊ဒေါနတပ်ရင်း-၃(KBDF)တပ်ဖွဲ့၊ ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း KTLA၊ ရာမညတပ်တော် (NMSP/ AD၊RMA)တပ်ဖွဲ့နှင့် မွန်ပြည်တော် လှန်ရေးတပ်(MSRF)တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

“လေးယောက်သေတာ။သုံးယောက်ကို ပြန်ဆွဲသွားတယ်။စစ်ကောင်စီတပ်သားအလောင်းတစ်လောင်း ကို တွေ့ရတယ်”ဟု MSRF တာဝန်ရှိသူ က ပြောသည်။

ဇူလိုင် ဒုတိယပတ်ကလည်း နတ်အိမ်တောင်စခန်းသို့စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲလေး ကြိမ်ဖြစ်ပွားခဲ့ကာ ဗိုလ်မှူးအောင်ဘိုဟိန်းအပါအဝင် စစ်ကောင်စီတပ်သား လေးဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ငယ် (၉) လက် ၊ RPG (၁)လက် ၊ ၆၀ မမ (၁)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

နတ်အိမ်တောင်နယ်စပ်စခန်းသို့ စစ်ကြောင်းထိုးလာသော တပ်ရင်းများအနက် စစ်ကောင်စီကမ်းရိုးတန်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ -၂၈၂၊ခလရ – ၂၇၃၊ခမရ- ၄၀၈၊ခမရ- ၄၀၉၊ ခမရ -၄၁၀ တပ်ရင်းတို့ ပါဝင်သည်။

နတ်အိမ်တောင်စခန်းသည် ထီးခီးဒေသ အရှေ့မြောက်ဘက်ခြမ်း၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်းဖြစ်သည်ဟု ကရင်သတင်းရင်းမြစ်က အသိပေးသည်။

KNUတပ်မဟာ(၄)ပူးပေါင်းတပ်သည် ထီးခီး၊ ထီးထ၊ ဘောဒီ၊ငါးရံ့နီ၊သုခ စစ်ကောင်စီနယ်စပ်စခန်းများကို ယခုနှစ်အတွင်း သိမ်းပိုက်ထားပြီး ကျန်နေသည့် တပ်စခန်းများ တိုက်ခိုက်သွားရန်ရှိဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

https://www.facebook.com/LuduNwayOo/videos/742068958614747

ရုပ်သံ-​ပေးပို့

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

မန္တလေးကနေ ဗန်းမော်မြို့ကိုသွားတဲ့ စစ်သ င်္ဘောတွေတိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့အရာရှိနဲ့အခြားအဆင့်တွေ အများအပြားသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

Facebook