Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့တွင် ရှစ်လေးလုံး အရေးတော်ပုံ (၃၇) နှစ်မြောက်အထိမ်းအမှတ် ထီးသပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ဝင်ဆိုင်းဘုတ်နေရာတွင် ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်နှင့် အာဏာရှင်တော်လှန်ရေး PDF တပ်ဖွဲ့တို့ပူးပေါင်းပြီး ၈.၈.၂၀၂၅ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇) နှစ်ပြည့် အထိမ်းအမှတ် ထီးသပိတ်ကမ်ပိန်းကို ယနေ့ ပြုလုပ်ခဲ့သည်။

သြဂုတ်-၇၊ ၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ဝင်ဆိုင်းဘုတ်နေရာတွင် ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်နှင့် အာဏာရှင်တော်လှန်ရေး PDF တပ်ဖွဲ့တို့ပူးပေါင်းပြီး ၈.၈.၂၀၂၅ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇) နှစ်ပြည့် အထိမ်းအမှတ် ထီးသပိတ်ကမ်ပိန်းကို ယနေ့ ပြုလုပ်ခဲ့သည်။

ထို့အပြင် ဆန္ဒပြပြည်သူများက “မပြီးဆုံးသေးတဲ့ရှစ်လေးလုံး လူထုလွတ်မြောက်ရေးဒို့အတူရုန်း” ၊ “၈၈ကအချိုးတွေ ၂၁မှာလာမချိုးနဲ့” ကြွေးကြော်သံတို့ကို ကြွေးကြော်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယခုလို လက်နက်ကိုင်တော်လှန်ရေးရဲဘော်များနှင့်သပိတ်ရဲဘော်များပူးပေါင်းပြုလုပ်ခြင်းသည် စစ်ရေး နိုင်ငံရေးအရှိန်မြှင့်ပြီး လက်တွဲညီညီဖြင့် နွေဦးတော်လှန်ရေးကြီးအောင်မြင်သည့်အထိ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၅/ဆလကလူထုသပိတ် စစ်ကြောင်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

အိုင်ယာလန်နဲ့ သြစတြေးလျနိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုတွေ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

လာမယ့် သြဂုတ် ၈ ရက်မှာ ကျရောက်မယ့် (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်မယ့် "၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု" မှာ ပြည်သူတွေနဲ့ ကမ္ဘာတဝန်းက မြန်မာ့အရေးထောက်ခံတွေ ပါဝင်ကြဖို့ ရန်ကုန်လူထုသပိတ်က ဒီကနေ့ (သြဂုတ် ၂) မှာ တိုက်တွန်းလှုံ့ဆော်ထားပါတယ်။