Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့တွင် ရှစ်လေးလုံး အရေးတော်ပုံ (၃၇) နှစ်မြောက်အထိမ်းအမှတ် ထီးသပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ဝင်ဆိုင်းဘုတ်နေရာတွင် ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်နှင့် အာဏာရှင်တော်လှန်ရေး PDF တပ်ဖွဲ့တို့ပူးပေါင်းပြီး ၈.၈.၂၀၂၅ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇) နှစ်ပြည့် အထိမ်းအမှတ် ထီးသပိတ်ကမ်ပိန်းကို ယနေ့ ပြုလုပ်ခဲ့သည်။

သြဂုတ်-၇၊ ၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ဝင်ဆိုင်းဘုတ်နေရာတွင် ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်နှင့် အာဏာရှင်တော်လှန်ရေး PDF တပ်ဖွဲ့တို့ပူးပေါင်းပြီး ၈.၈.၂၀၂၅ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇) နှစ်ပြည့် အထိမ်းအမှတ် ထီးသပိတ်ကမ်ပိန်းကို ယနေ့ ပြုလုပ်ခဲ့သည်။

ထို့အပြင် ဆန္ဒပြပြည်သူများက “ မပြီးဆုံးသေးတဲ့ရှစ်လေးလုံး လူထုလွတ်မြောက်ရေးဒို့အတူရုန်း” ၊ “ ၈၈ကအချိုးတွေ ၂၁မှာလာမချိုးနဲ့” ကြွေးကြော်သံတို့ကို ကြွေးကြော်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယခုလို လက်နက်ကိုင်တော်လှန်ရေးရဲဘော်များနှင့်သပိတ်ရဲဘော်များပူးပေါင်းပြုလုပ်ခြင်းသည် စစ်ရေး နိုင်ငံရေးအရှိန်မြှင့်ပြီး လက်တွဲညီညီဖြင့် နွေဦးတော်လှန်ရေးကြီးအောင်မြင်သည့်အထိ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၅/ဆလကလူထုသပိတ် စစ်ကြောင်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝမ်ပေါင်-ယမ်စီကုမ္ပဏီဝင်းက စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာလို့ ကျေးရွာပေါင်း ၁၅ရွာက ဒေသခံပြည်သူ နှစ်သောင်းကျော် တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီက​နေ့မှာဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒ​ပြခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝက်စာရှာထွက်တဲ့မြေးအဘိုး၃ဦးကို စစ်တပ်က ပစ်သတ်လို့ ၂ ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

သြဂုတ် ၁၀၊၂၀၂၅။ သုည/People’s Spring အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် NYCBC အဖွဲ့က ဦးဆောင်ပြီး (၃၇)နှစ်မြောက် ရှစ်​လေးလုံး နှစ်ပတ်လည် အခမ်းအနားကို မက်ဟမ်တမ်ရှိ Greeley Squareတွင်ပြုလုပ်ခဲ့သည်။ တစ်ပါတီအာဏာရှင်စနစ် နှင့် စစ်အာဏာရှင်စနစ်ကို ၊တတိုင်းပြည်လုံး၊ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ ဆန့်ကျင်တော်လှန်ခဲ့တဲ့ (ရှစ်လေးလုံး)...