Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေသည့်ဖားကန့်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ယနေ့ (ဩဂုတ် ၇ရက်) ညနေ ၄နာရီကျော်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဖားကန့်မြို့နယ် အားလာရောက်တိုက်ခိုက်သည့် လေယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

ဩဂုတ်-၇၊၂၀၂၅။ဇော်ရမ်း/People’s Spring

တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ယနေ့ (ဩဂုတ် ၇ရက်) ညနေ ၄နာရီကျော်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဖားကန့်မြို့နယ်၊ အမှိုက်ပုံကျေးရွာအနီး၌ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး မြေပြင်စစ်ကြောင်းအလွန်အထိနာ၍ ဗုံးကြဲခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

” တိုက်ပွဲကတော်တော်ကို ပြင်းထန်နေတာဖြစ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေဆူဆူညံညံကြားရပါတယ်။ လေကြောင်းလာနိုင်လို့သတိထားနေတဲ့ကြားကနေ လာပစ်တော့တာ” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေနေကို မသိရသေးပေ။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ထိန်းချုပ်ထားသည့် ဖားကန့်-ဆိပ်မူလမ်းပိုင်းနှင့် ဆက်စပ်နေသော ရှရော်ခကျေးရွာမှ ညောင်ပင်ကုန်းစခန်းကို စစ်ကောင်စီက ဩဂုတ် ၁ရက်တွင် သိမ်းယူခဲ့ပြီး ဩဂုတ် ၄ရက်တွင် KIA၊KPDFက ပြန်လည်ထိုးစစ်ဆင်သိမ်းယူခဲ့သည်။

ရှရော်ခကျေးရွာ၊ အမှိုက်ပုံကျေးရွာနှင့် ယူမာကျေးရွာတို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်၍ အရပ်သားသေဆုံးမှုများရှိခဲ့သည်။

ဩဂုတ် ၄ရက်က ပစ်ခတ်မှုတွင် (၃)နှစ်အရွယ်ကလေးငယ်အပါအဝင် သုံးဦးသေဆုံးပြီး ၁၃ဦးဒဏ်ရာရခဲ့သည်။ဩဂုတ် ၅ရက် ညနေ ၆နာရီ၄၅ မိနစ်ကပစ်ခတ်မှုတွင် ရှရော်ခရွာစည်ပင်ကွက်သစ်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ၁၀တန်းကျောင်းသူအပါအဝင် သုံးဦးသေဆုံးကာ ၉ဦး ဒဏ်ရာရခဲ့သည်။

ယမန်နေ့ကလည်း လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားထိခိုက်မှုရှိခဲ့သလို ယနေ့(ဩဂုတ် ၇ရက်) လည်း လက်နက်ကြီးရော၊ လေကြောင်းပါပစ်ခတ်ခြင်းဟု သတင်းရရှိသည်။တိုက်ပွဲပြင်းထန်နေ၍ စစ်ကောင်စီက လေကြောင်းမှလာရောက်တ်ိုက်ခိုက်နိုင်ကြောင်း KIA၊KPDFတပ်ဖွဲ့ဝင်များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook