Connect with us

Hi, what are you looking for?

သတင်း

သံတောင်ကြီးမြို့ရေဘေး သေဆုံးသူ ၁၃ဦးရှိပြီး ပျောက်ဆုံးနေသူများ ရှာဖွေနေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ရေဘေးနှင့်မြေပြိုမှုဘေးအတွင်း ပျောက်ဆုံးနေသူအချို့အနက် ၂ဦး၏ ရုပ်အလောင်း ထပ်မံတွေရှိခဲ့၍ စုစုပေါင်း သေဆုံးသူ ၁၃ဦးရှိလာပြီဖြစ်သည်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ရေဘေးနှင့်မြေပြိုမှုဘေးအတွင်း ပျောက်ဆုံးနေသူအချို့အနက် ၂ဦး၏ ရုပ်အလောင်း ထပ်မံတွေရှိခဲ့၍ စုစုပေါင်း သေဆုံးသူ ၁၃ဦးရှိလာပြီဖြစ်သည်။

ဩဂုတ်-၁၀၊၂၀၂၅။လူအေး/People’s Spring

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ရေဘေးနှင့်မြေပြိုမှုဘေးအတွင်း ပျောက်ဆုံးနေသူအချို့အနက် ၂ဦး၏ ရုပ်အလောင်း ထပ်မံတွေရှိခဲ့၍ စုစုပေါင်း သေဆုံးသူ ၁၃ဦးရှိလာပြီဖြစ်သည်။

သံတောင်ကြီးမြို့တွင် ဩဂုတ် ၄ရက် ညနေကစ၍ ရေဘေးကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၄ရက်တွင် ၄ဦး၊ ဩဂုတ် ၅ရက်တွင် ၄ဦး၊ ဩဂုတ် ၆ရက်တွင် ၃ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူအချို့အနက်မှ ရုပ်အလောင်း၂လောင်းကို ဩဂုတ် ၉ရက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” အားလုံး ၁၃ဦး ရှိပါပြီ။ သေဆုံးတာကလေ။ ‌တောင်ပေါ်မှာ ပျောက်နေတဲ့သူတွေလည်းရှိသေးတယ်။ မြေပြိုတာဆိုတော့ရှာဖွေရတာ အခက်အခဲကြီးတယ်။ အပျက်အစီးတွေများလွန်းအားကြီးလို့ ပြန်လည်ထူထောင်ဖို့မလွယ်ဘူး”ဟု သံတောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။

ရေဘေးနှင့်မြေပြုမှုဘေးကို သံတောင်ကြီးမြို့ ပေါ်ရပ်ကွက်များအပြင် လိပ်ပြာလေးရွာ၊ ခိုဝယ်ရွာနှင့်ထီးပူခီးကျေးရွာတို့တွင် ဆိုးရွားစွာကြုံခဲ့ရသည်။ ပျောက်ဆုံးသူအရေအတွက်ကို အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

သံတောင်ကြီးမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်နေသလို အနီးပတ်ဝန်းကျင်မြို့များ သွားလာသည့်လမ်းများမှာလည်း မြေပြိုမှုများကြောင့် ပျက်စီးနေပြီး ရေစီးနှင့်မျောပါသွားသည့် ချောင်းကူးတံတား လေးစင်းကို အလျင်အမြန်ပြန်လည်တည်ဆောက်ရန်လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

” ယာယီတဲတွေနဲ့ဖြစ်သလိုနေနေကြရတယ်။ တော်တော်ကိုအဆင်မပြေဘူးဖြစ်နေတယ်။ အရင်ကဆိုရင် တောင်ငူကနေ နှစ်နာရီလောက်ပဲသွားရတဲ့ခရီးကို အခုငါးနာရီလောက်သွားနေရတယ်။ အဓိကကတော့ ဘေးသင့်တဲ့သူတွေအတွက် တော်တော်အကူအညီလိုနေတယ်” ဟု သံတောင်ကြီးမြို့သို့ကူညီကယ်ဆယ်ရေးသွားခဲ့သည့် တောင်ငူမြို့မှ သင်းအုပ်ဆရာတစ်ဦးက ပြောသည်။

ဇူလိုင်လနှောင်းပိုင်းကလည်းသံတောင်ကြီးမြို့နယ်အပါအဝင်ကရင်ပြည် နယ်နှင့်ပဲခူးတိုင်းထိစပ်‌ ဒေသများဖြစ်သော တောင်ငူ၊ ညောင်လေးပင်၊ ကျောက်တံခါး၊ အုတ်တွင်း၊ ဖြူး၊ထန်းတပင်၊ ရေတာရှည်မြို့နယ်များ၌ မိုးသည်းထန်ပြီး ရေဘေးကြုံခဲ့သည်။

ထို့အပြင် သြဂုတ်လဆန်းကာလအတွင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊လိုင်ဇာမြို့အပါအဝင်ကချင်လွတ်လပ်ရေတပ်မတော် (KIA) ထိန်းချုပ်ဒေသများတွင်လည်း ရေဘေးနှင့် မြေပြိုမှု ဘေးကြုံတွေ့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။