ချမ်းငြိမ်း
သူ့မှာ ပုရစ်တကောင်လို
ညအမှောင်ထဲ ရင်ကွဲအောင်ငိုနေသူ ရှိတယ်။
သူ့မှာ တောင်ပံတွေ တဖျပ်ဖျပ်
စိတ်ဝိညာဉ် တလှပ်လှပ်နဲ့
အိမ်အပြန်ခက်နေတဲ့
ငှက်တေလေတကောင် ရှိတယ်။
သူ့မှာ ဖူးငုံတို့ ကြွေလွင့်
စပယ်ဖြူလေး မုန်တိုင်းသင့်တဲ့
ပန်းမပွင့်တဲ့ မုတ်သုံမိုး ရှိတယ်။

Public Service Announcement
သူ့မှာ ရေသင့် မီးသင့်
လေတိုးတိုင်း ပွင့်အက်သွားတဲ့ ဒဏ်ရာနဲ့
အနာတရ နိုင်ငံတခုရှိတယ်။
သူ့မှာ …
ဘီလူးသမိုင်းကို
အပိုင်းပိုင်းတစ်ခဲ့ဖူးတဲ့
သက္ကရာဇ် ပူးတခု ရှိခဲ့ဖူးတယ်။
(The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ချမ်းငြိမ်း’ရဲ့ “သြဂုတ်ပုံပြင်”ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































