Connect with us

Hi, what are you looking for?

News

ဦးဇေယျာသော်ကို ဒဂုံဆိပ်ကမ်း ရတနာနှင်းဆီအိမ်ရာမှာ ဖမ်းမိတယ်လို့စစ်ကောင်စီထုတ်ပြန်

မနေ့က ရတနာနှင်းဆီ အိမ်ရာ ကို စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ဝင်ရောက်စီးနင်းမှုနဲ့အတူ ဦးဖြိုးဇေယျာသော် အဖမ်းခံရတယ်ဆိုတဲ့သတင်းတွေထွက်လာပြီး တစ်ရက်အကြာမှာ စစ်ကောင်စီက သတင်းထုတ်ပြန်လာတာပါ။

NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇေယျာသော် ကို မနေ့ က နိုဝင်ဘာလ ၁၈ ရက် မှာ ရန်ကုန်၊ဒဂုံဆိပ်ကမ်းက ရတနာနှင်းဆီအိမ်ရာမှာ လက်နက်တွေနဲ့ ဖမ်းမိတယ်လို့စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

သန်လျင်တံတား ၊ မြောက်ဥက္ကလာ တံတား ၊ထန်းတပင်မြို့နယ် နဲ့ ဗားကရာမီးပွိုင့် တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရတာဟာ ဦးဖြိုးဇေယျာသော်က စေခိုင်းတာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

မနေ့က ရတနာနှင်းဆီ အိမ်ရာ ကို စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ဝင်ရောက်စီးနင်းမှုနဲ့အတူ ဦးဖြိုးဇေယျာသော် အဖမ်းခံရတယ်ဆိုတဲ့သတင်းတွေထွက်လာပြီး တစ်ရက်အကြာမှာ စစ်ကောင်စီက သတင်းထုတ်ပြန်လာတာပါ။

ဒီလိုသတင်းထုတ်ပြန်ရာမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီ ဖမ်းခံရချိန်တုန်း ကလို ဦးဖြိုးဇေယျာသော် ကိုလည်း ဒူးထောက် ကာ လက်ကို ခေါင်းပေါ် တင်ခိုင်းထားပုံ ကို စစ်ကောင်စီဟာ ရည်ရွယ်ချက် ရှိရှိ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် သန်လျင်တံတား ၊ မြောက်ဥက္ကလာ တံတား ၊ထန်းတပင်မြို့နယ် နဲ့ ဗားကရာမီးပွိုင့် တွေ ကို ပစ်ခတ်မှုမှာ ပါဝင်သူ လူငယ် ၄၇ ဦးကိုလည်း လက်နက်တွေနဲ့ ဖမ်းမိတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

အဲဒီလို ဖမ်းမိတဲ့ ၄၇ ဦး ထဲမှာတော့အမျိုးသမီး ၇ ဦး ပါဝင်တယ်လို့သိရပါတယ်။

NUG ရဲ့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကွဲရေးအဖွဲ့ကတော့ ဖမ်းခံရသူအရေအတွက်ဟာ ၂၀ လောက်ပဲ ရှိပြီး စစ်ကောင်စီဟာ သာမန်ပြည်သူတွေကို ဖမ်းကာ ဇာတ်လမ်းဆင်ထားတာတွေ ပါဝင်နေတယ်လို့ မီဒီယာကိုဖြေထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။