Connect with us

Hi, what are you looking for?

News

ဦးဇေယျာသော်ကို ဒဂုံဆိပ်ကမ်း ရတနာနှင်းဆီအိမ်ရာမှာ ဖမ်းမိတယ်လို့စစ်ကောင်စီထုတ်ပြန်

မနေ့က ရတနာနှင်းဆီ အိမ်ရာ ကို စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ဝင်ရောက်စီးနင်းမှုနဲ့အတူ ဦးဖြိုးဇေယျာသော် အဖမ်းခံရတယ်ဆိုတဲ့သတင်းတွေထွက်လာပြီး တစ်ရက်အကြာမှာ စစ်ကောင်စီက သတင်းထုတ်ပြန်လာတာပါ။

NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇေယျာသော် ကို မနေ့ က နိုဝင်ဘာလ ၁၈ ရက် မှာ ရန်ကုန်၊ဒဂုံဆိပ်ကမ်းက ရတနာနှင်းဆီအိမ်ရာမှာ လက်နက်တွေနဲ့ ဖမ်းမိတယ်လို့စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

သန်လျင်တံတား ၊ မြောက်ဥက္ကလာ တံတား ၊ထန်းတပင်မြို့နယ် နဲ့ ဗားကရာမီးပွိုင့် တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရတာဟာ ဦးဖြိုးဇေယျာသော်က စေခိုင်းတာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

မနေ့က ရတနာနှင်းဆီ အိမ်ရာ ကို စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ဝင်ရောက်စီးနင်းမှုနဲ့အတူ ဦးဖြိုးဇေယျာသော် အဖမ်းခံရတယ်ဆိုတဲ့သတင်းတွေထွက်လာပြီး တစ်ရက်အကြာမှာ စစ်ကောင်စီက သတင်းထုတ်ပြန်လာတာပါ။

ဒီလိုသတင်းထုတ်ပြန်ရာမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီ ဖမ်းခံရချိန်တုန်း ကလို ဦးဖြိုးဇေယျာသော် ကိုလည်း ဒူးထောက် ကာ လက်ကို ခေါင်းပေါ် တင်ခိုင်းထားပုံ ကို စစ်ကောင်စီဟာ ရည်ရွယ်ချက် ရှိရှိ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် သန်လျင်တံတား ၊ မြောက်ဥက္ကလာ တံတား ၊ထန်းတပင်မြို့နယ် နဲ့ ဗားကရာမီးပွိုင့် တွေ ကို ပစ်ခတ်မှုမှာ ပါဝင်သူ လူငယ် ၄၇ ဦးကိုလည်း လက်နက်တွေနဲ့ ဖမ်းမိတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

အဲဒီလို ဖမ်းမိတဲ့ ၄၇ ဦး ထဲမှာတော့အမျိုးသမီး ၇ ဦး ပါဝင်တယ်လို့သိရပါတယ်။

NUG ရဲ့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကွဲရေးအဖွဲ့ကတော့ ဖမ်းခံရသူအရေအတွက်ဟာ ၂၀ လောက်ပဲ ရှိပြီး စစ်ကောင်စီဟာ သာမန်ပြည်သူတွေကို ဖမ်းကာ ဇာတ်လမ်းဆင်ထားတာတွေ ပါဝင်နေတယ်လို့ မီဒီယာကိုဖြေထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။