Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ် ၊ရေနံကုန်းရွာကို စစ်တပ်မီးရှို့

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ဒီနေ့ နေ့လည်ပိုင်းမှာ ရေနံကုန်းကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

​ရေနံကုန်းရွာကို စစ်ကောင်စီ စစ်ကြောင်း မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဥ်။ ဓာတ်ပုံ - မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး

ဩဂုတ်-၁၂၊ ၂၀၂၅။ မေ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ဒီနေ့ နေ့လည်ပိုင်းမှာ ရေနံကုန်းကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၈ ရက်ကစတင်ကာ မုံရွာ-‌ကျောက္ကာ-အရာတော်လမ်းပိုင်းကို စစ်အုပ်စုက အမြောက်ကား၂စီးအပါ စစ်အင်အားများစွာနဲ့ စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။

“ကျောက္ကာနဲ့ တော့ကပ်နေတယ်။ရေနံကုန်းနဲ့။ရေနံကုန်းကအရင်က တော်လှန် ရေးမတိုင်ခင်ကာလက ရေနံချက်ဖို တွေရှိတဲ့ နေရာ ပေါ့”လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရာတော်မြို့နယ်ဘက်ကပါ စစ်အင်အားတွေ ထပ်တိုးကာ ကျောက္ကာရွာမှာ တပ်စွဲထားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့ နေ့လည်၁၂လောက်မှာ ရွာကို မီးစရှို့ နေပြီ။ အပျက်စီးတော့ မသိရသေးဘူး။ အကုန်ရှောင် နေကြရတာ။ မီးခိုးလုံးတွေ အပြင်ကနေ မြင်နေရတယ်”လို့ ဒေသခံက ဆိုပါတယ်။

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကတော့ စစ်ကောင်စီတပ်ဟာ မုံရွာမြို့နယ်မှာ နယ်မြေစိုးမိုးမှု အနည်းငယ်သာရရှိထားတာမို့ လမ်းပိုင်းစိုးမိုးမှုကိုရယူချင်သလို ကုန်စည်ဖြတ်တောက်မှုပြုလုပ်ဖို့လည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

မ နေ့ကလည်းစစ်တပ်က အမြှောက်ကားနှစ်စီးနဲ့အင်အားထပ်တိုးတာမို့ စုစုပေါင်း ကား၄စီးနဲ့ အင်အား၂၀၀ ဝန်းကျင်နဲ့ထပ်မံစစ် ကြောင်းထိုးနေတာလို့သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းကြောင့် ဩဂုတ် ၈ရက်ကနေ ဒီနေ့အထိ မုံရွာ-အရာတော်လမ်းပိုင်းကို လမ်းပိတ်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။