Connect with us

Hi, what are you looking for?

သတင်း

စစ်သားသစ် ၈ ဦး ပဲခူးခရိုင် အမှတ် (၂)တပ်ရင်းထံအလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ(၂၅)ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် တပ်ရင်း ၂ – P23702 သို့ စစ်ကောင်စီရဲ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းစစ်သားသစ်ရှစ်ဦး လက်နက်မဲ့အလင်းဝင်လာတယ်လို့သြဂုတ် ၁၂ရက်မှာထုတ်ပြန်ပါတယ်။

PDF ထံအလင်းဝင်လာတဲ့ ပြည်သူ့စစ်မှူထမ်းသင်တန်းဆင်းစစ်သားက စစ်တပ်အတွင်းအ​တွေ့အကြုံကို​ပြောကြားစဥ်။ဓါတ်ပုံ- ပဲခူးခရိုင် တပ်ရင်း ၂

သြဂုတ်-၁၂၊၂၀၂၅။ကျော်ဇော/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ(၂၅)ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် တပ်ရင်း ၂ – P23702 သို့ စစ်ကောင်စီရဲ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းစစ်သားသစ်ရှစ်ဦး လက်နက်မဲ့အလင်းဝင်လာတယ်လို့သြဂုတ် ၁၂ရက်မှာထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာနတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာ တာဝန်ကျတဲ့ ခလရ ၆၀(ကျောက်ကြီး)မှ ပြည်သူ့စစ်အပါတ်စဥ်(၉) သင်တန်းဆင်း ပြည်သူ့စစ်နှစ်ဦးနဲဲ့ ကမ်းရိုးတန်းဒေသကော့သောင်းမြို့အ​ခြေစိုက် ခမရ (၅၉၃)မှ ပ.သ.စ.အပတ်ဥ်(၅)သင်တန်းဆင်း ပြည်သူ့စစ်ခြောက်ဦးတို့ဖြစ်တယ်လို့ ဖော်ပြပါတယ်။

“လက်နက်မဲ့ အလင်းဝင် ၈ ယောက်တော့ ကျနော်တို့ တပ်ရင်းကို ဝင်လာတယ်ဗျ။ (သြဂုတ်)၆ရက်နေ့လောက်ကပေါ့။ သူတို့ထဲက တချို့ကတော့(နေရပ်)ပြန်ဖို့ ဆန္ဒရှိကြတယ်”လို့ အလင်းဝင်တပ်

Public Service Announcement

Public Service Announcement

သားတွေနဲ့ပတ်သက်ပြီးပဲခူးခရိုင်အမှတ်(၂)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

တပ်ရင်းအနေနဲ့ အလင်းဝင်သူတွေကိုလုပ်ထုံးလုပ်နည်း​တွေနဲ့အညီစိစစ်လက်ခံကာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့လည်း ပဲခရိုင် အမှတ် (၂)တပ်ရင်းက အသိပေးပါတယ်။

“ကျနော်တို့ပြည်သူ့စစ်တွေကို သူတို့စစ်သားတွေက ခွဲခြားပြီး ဆက်ဆံတယ်။ သူတို့ ဆေးတွေချတယ်၊ အရက်တွေသောက်တယ်၊ မူးလာလို့ရှိရင် သူတို့စစ်သားတွေက ကျနော်တို့ကို ပြဿနာရှာတယ်။ သေနတ်တွေနဲ့ချိန်တယ်၊ ပစ်သတ်ဖို့အထိ အဲဒီလောက်အထိ လုပ်ပါတယ်ခင်ဗျ”လို့ အလင်းဝင်လာသူတွေထဲက ခလရ (၆၀) ကျောက်ကြီးတပ်မှာ ပြည်သူ့စစ်သင်တန်းဆင်းအနေနဲ့တာဝန်ထမ်းခဲ့ရတဲ့ ကိုထွန်းမင်းနိုင်က ပြောပါတယ်။

နောက်ပြီး စစ်ကောင်စီတပ်သားတွေက သူတို့လို ပြည်သူ့စစ်သင်တန်းဆင်းတွေကိုလူလိုမဆက်ဆံတဲ့အပြင် သူတို့အားလုံးကို လူသားဒိုင်းအဖြစ်အသုံးပြုတာတွေလည်း ရှိနေတာကြောင့် အခုလို PDF တပ်ရင်းတပ်ဖွဲ့တွေထံကို ခိုလှုံခွင့်ရဖို့ ထွက်ပြေးလာခဲ့ကြတာလို့ ပဲခူးခရိုင် အမှတ် (၂)ရင်းကပြုလုပ်တဲ့ အမေးအဖြေကဏ္ဍမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်နက်ချပြီး ပြည်သူနဲ့ပူးပေါင်းလိုတဲ့စစ်သား​တွေကို ပဲခူးခရိုင်တပ်ရင်း ၂ က လက်ခံကြိုဆိုလျက်ရှိပြီး လူ့အခွင့်အရေးအပြည့်အဝရရှိ​စေမယ်လို့ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် လက်နက်နဲ့အလင်းဝင်လာသူ​တွေကိုဆုငွေများချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။