Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့ တလုပ်မြို့ရွာမှ စစ်ကောင်စီစခန်းများကို တော်လှန်ရေးတပ်များ ဝင်တိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

တလုပ်မြို့ကျေးရွာရှိ စစ်ကောင်စီစခန်းများအား တော်လှန်ရေးရဲဘော်များက ပစ်ခတ်နေစဉ်။ ဓာတ်ပုံ − Screen Grab

ဩဂုတ်−၁၃၊၂၀၂၅။လူအေး/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ် ၉ ရက် နံနက် ၅နာရီခန့်ကစတင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေ့လယ်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု မြင်းခြံမြို့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ ထိုသို့ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးထက်မနည်းသေဆုံးခဲ့သည်ဟုလည်း ဆိုသည်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) ၏ ဗိုလ်စင်္ကြာစစ်ကြောင်းနှင့် PDF TALOKEတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသေဆုံးသည်ဟု CDSOMက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

” တလုပ်ပွဲက ကိုယ့်ဘက်က အပေါင်းဖြစ်တယ်။ စစ်ကြောင်းတွေခွဲပြီး ဝင်တိုက်တာ။ စစ်ကောင်စီဘက်က တော်တော်လေး ထိသွားတယ်။ အခုကတော့ အခြေအနေပြန်ငြိမ်နေပါတယ်” ဟု မြင်းခြံမြို့နယ်မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်နေ့လယ် ၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများလည်းပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။ စစ်ဆင်ရေးရလဒ်အောင်မြင်ပြီးနောက် နေ့လယ် ၁နာရီခန့်တွင် တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ကြသည်ဟု သတင်းရရှိသည်။

တလုပ်မြို့ကျေးရွာသည် မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီအခိုင်မာတပ်စွဲထားသည့်နေရာ ဖြစ်သည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁ရက်ကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီတပ် အထိနာခဲ့ပြီး လေကြောင်းမှ ပစ်ကူပေးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။