Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေမှာ စနစ်တကျ ညှင်းပန်းနှိပ်စက်မှုတွေ ရှိနေတယ်လို့ IIMMပြော

အာဏာသိမ်း မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ စစ်ကြောရေး စခန်းတွေ၊ အကျဉ်းထောင်တွေမှာ ရိုက်နှက်တာ၊ ရှော့တိုက်တာ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာအပါအဝင်ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ညှင်းပန်း နှိပ်စက်တာတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

စစ်​ကောင်စီ တပ်ဖွဲ့ဝင်​တွေ

သြဂုတ်-၁၃၊၂၀၂၅။People’s Spring

အာဏာသိမ်း မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ စစ်ကြောရေး စခန်းတွေ၊ အကျဉ်းထောင်တွေမှာ ရိုက်နှက်တာ၊ ရှော့တိုက်တာ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာအပါအဝင်ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ညှင်းပန်း နှိပ်စက်တာတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

စစ်အာဏာသိမ်းမှု နောက်ပိုင်းကာလ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် စနစ်တကျ ဖိနှိပ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ကစုံစမ်းမှုတွေလုပ်ဆောင်ခဲ့တာပါ။

IIMMရဲ့ အစီရင်ခံစာထဲမှာတော့ စစ်ကြောရေး စခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ စစ်တပ် လက်အောက်ခံ အာဏာပိုင်တွေရဲ့ စိုးရိမ်လောက်စရာ နိုင်ထက်စီးနင်းမှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ အစီရင်ခံစာအတွက် IIMM ဟာမျက်မြင်သက်သေ ၆၀၀ နီးပါးရဲ့ထွက်ချက်တွေကို စုဆောင်းယူထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကြမ်းတမ်းရက်စက်တဲ့ညှင်းပန်းမှုနည်းလမ်းတွေအဖြစ်အကျဉ်းသားတွေကိုလိင်ကျေးကျွန်ပြုတာ၊ လိင်အင်္ဂါတွေကို စီးကရက်၊ ဒါမှမဟုတ် မီးလောင်ထားတဲ့ အရာတစ်ခုခုနဲ့ တို့တာမျိုးတွေလည်း ထောင်အာဏာပိုင်တွေက လုပ်ခဲ့ကြောင်း အစီရင်ခံစာက ဆိုပါတယ်။ နောက်ပြီး လက်သည်းတွေကို ပလာယာနဲ့ဆွဲနုတ်တာမျိုးကလည်းထောင်အာဏာပိုင်တွေ သုံးလေ့ရှိတဲ့ ညှင်းပန်းနှိပ်စက်နည်း တစ်ခု ဖြစ်ပါတယ်။

နောက်ပြီး မိဘတွေကို လိုက်ရှာဖမ်းလို့ မမိရင် အသက် ၂ နှစ်ကနေ ၁၇ နှစ်ကြား အသက်မပြည့်သေးတဲ့ သားသမီးတွေကို ဓါးစာခံအဖြစ်လည်း မြန်မာစစ်တပ်က ဖမ်းဆီး အကျဉ်းချလေ့ ရှိတယ်လို့IIMMကဖော်ပြထားပါတယ်။အဲဒီထဲက ကလေးတချို့ဟာ နှိပ်စက်တာ၊ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရတာ၊ လိင်ပိုင်းဆိုင်ရာနဲ့ လိင်ခွဲခြားမှု အခြေပြု ရာဇဝတ်မှုတွေ ကျူးလွန်ခံရတာ​တွေကြုံခဲ့ကြောင်းလည်း IIMMကဆိုပါတယ်။

IIMM အကြီးအကဲ နစ်ကိုလက်စ် ခွမ်ဂျင်အန်က အဲဒီရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေဟာတစိုက်မတ်မတ် တိုးလာနေကြောင်း၊တစ်ဖက်မှာလည်း IIMMဟာ ကျူးလွန်သူတွေကို ဖော်ထုတ်တဲ့ အပိုင်းမှာ ပိုပြီး ထိရောက်တဲ့ အခြေအနေတွေ ပိုင်ဆိုင်လာကြောင်း မှတ်ချက်ပေးသွားပါတယ်။

အခြေအနေ ပေးလာတဲ့ တစ်နေ့မှာတော့ ကျူးလွန်သူတွေကို ခုံရုံးတစ်ခုရဲ့ ရှေ့မှောက်မှာ စစ်ဆေးမှု ခံယူနိုင်တဲ့ထိ လုပ်ဆောင်နိုင်ရေး ဆက်ပြီး ကြိုးစားနေကြောင်းလည်း ခွမ်ဂျင်အန်က ပြောကြားသွားပါတယ်။

အာဏာသိမ်းမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ မြန်မာ့ ပြည်တွင်းစစ်မှာတော့ နှစ်ဖက်စလုံးက စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း စွပ်စွဲမှုတွေ ရှိနေပြီးခွမ်ဂျင်အန်ကတော့တော်လှန်ရေး အင်အားစုတွေဖက်ကလည်း ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို ကွပ်မျက်ခဲ့တဲ့ ဖြစ်စဉ်တွေအပေါ် IIMMက အတည်ပြုနိုင်ဖို့ ဆန်းစစ်နေကြောင်း အတည်ပြုခဲ့ပါတယ်။

ကိုးကား- Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။