Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေမှာ စနစ်တကျ ညှင်းပန်းနှိပ်စက်မှုတွေ ရှိနေတယ်လို့ IIMMပြော

အာဏာသိမ်း မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ စစ်ကြောရေး စခန်းတွေ၊ အကျဉ်းထောင်တွေမှာ ရိုက်နှက်တာ၊ ရှော့တိုက်တာ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာအပါအဝင်ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ညှင်းပန်း နှိပ်စက်တာတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

စစ်​ကောင်စီ တပ်ဖွဲ့ဝင်​တွေ

သြဂုတ်-၁၃၊၂၀၂၅။People’s Spring

အာဏာသိမ်း မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ စစ်ကြောရေး စခန်းတွေ၊ အကျဉ်းထောင်တွေမှာ ရိုက်နှက်တာ၊ ရှော့တိုက်တာ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာအပါအဝင်ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ညှင်းပန်း နှိပ်စက်တာတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

စစ်အာဏာသိမ်းမှု နောက်ပိုင်းကာလ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် စနစ်တကျ ဖိနှိပ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ကစုံစမ်းမှုတွေလုပ်ဆောင်ခဲ့တာပါ။

IIMMရဲ့ အစီရင်ခံစာထဲမှာတော့ စစ်ကြောရေး စခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ စစ်တပ် လက်အောက်ခံ အာဏာပိုင်တွေရဲ့ စိုးရိမ်လောက်စရာ နိုင်ထက်စီးနင်းမှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ အစီရင်ခံစာအတွက် IIMM ဟာမျက်မြင်သက်သေ ၆၀၀ နီးပါးရဲ့ထွက်ချက်တွေကို စုဆောင်းယူထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကြမ်းတမ်းရက်စက်တဲ့ညှင်းပန်းမှုနည်းလမ်းတွေအဖြစ်အကျဉ်းသားတွေကိုလိင်ကျေးကျွန်ပြုတာ၊ လိင်အင်္ဂါတွေကို စီးကရက်၊ ဒါမှမဟုတ် မီးလောင်ထားတဲ့ အရာတစ်ခုခုနဲ့ တို့တာမျိုးတွေလည်း ထောင်အာဏာပိုင်တွေက လုပ်ခဲ့ကြောင်း အစီရင်ခံစာက ဆိုပါတယ်။ နောက်ပြီး လက်သည်းတွေကို ပလာယာနဲ့ဆွဲနုတ်တာမျိုးကလည်းထောင်အာဏာပိုင်တွေ သုံးလေ့ရှိတဲ့ ညှင်းပန်းနှိပ်စက်နည်း တစ်ခု ဖြစ်ပါတယ်။

နောက်ပြီး မိဘတွေကို လိုက်ရှာဖမ်းလို့ မမိရင် အသက် ၂ နှစ်ကနေ ၁၇ နှစ်ကြား အသက်မပြည့်သေးတဲ့ သားသမီးတွေကို ဓါးစာခံအဖြစ်လည်း မြန်မာစစ်တပ်က ဖမ်းဆီး အကျဉ်းချလေ့ ရှိတယ်လို့IIMMကဖော်ပြထားပါတယ်။အဲဒီထဲက ကလေးတချို့ဟာ နှိပ်စက်တာ၊ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရတာ၊ လိင်ပိုင်းဆိုင်ရာနဲ့ လိင်ခွဲခြားမှု အခြေပြု ရာဇဝတ်မှုတွေ ကျူးလွန်ခံရတာ​တွေကြုံခဲ့ကြောင်းလည်း IIMMကဆိုပါတယ်။

IIMM အကြီးအကဲ နစ်ကိုလက်စ် ခွမ်ဂျင်အန်က အဲဒီရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေဟာတစိုက်မတ်မတ် တိုးလာနေကြောင်း၊တစ်ဖက်မှာလည်း IIMMဟာ ကျူးလွန်သူတွေကို ဖော်ထုတ်တဲ့ အပိုင်းမှာ ပိုပြီး ထိရောက်တဲ့ အခြေအနေတွေ ပိုင်ဆိုင်လာကြောင်း မှတ်ချက်ပေးသွားပါတယ်။

အခြေအနေ ပေးလာတဲ့ တစ်နေ့မှာတော့ ကျူးလွန်သူတွေကို ခုံရုံးတစ်ခုရဲ့ ရှေ့မှောက်မှာ စစ်ဆေးမှု ခံယူနိုင်တဲ့ထိ လုပ်ဆောင်နိုင်ရေး ဆက်ပြီး ကြိုးစားနေကြောင်းလည်း ခွမ်ဂျင်အန်က ပြောကြားသွားပါတယ်။

အာဏာသိမ်းမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ မြန်မာ့ ပြည်တွင်းစစ်မှာတော့ နှစ်ဖက်စလုံးက စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း စွပ်စွဲမှုတွေ ရှိနေပြီးခွမ်ဂျင်အန်ကတော့တော်လှန်ရေး အင်အားစုတွေဖက်ကလည်း ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို ကွပ်မျက်ခဲ့တဲ့ ဖြစ်စဉ်တွေအပေါ် IIMMက အတည်ပြုနိုင်ဖို့ ဆန်းစစ်နေကြောင်း အတည်ပြုခဲ့ပါတယ်။

ကိုးကား- Reuters

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အများအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။