Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားရဲ့ နယ်စပ်မြေမြှုပ်မိုင်းတွေကိစ္စ စုံစမ်းပေးဖို့ ကုလသမဂ္ဂနဲ့ ဂျပန်ကို ထိုင်းအရေးဆို

နယ်စပ်က မြေမြှုပ်မိုင်းတွေကိစ္စ ကြားဝင် စုံစမ်းပေးစေလိုကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ကုလသမဂ္ဂနဲ့ ဂျပန်အစိုးရကို အရေးဆိုခဲ့ပါတယ်။

Royal Thai Army

သြဂုတ် – ၁၄ ၊၂၀၂၅ /People’s Spring

နယ်စပ်က မြေမြှုပ်မိုင်းတွေကိစ္စ ကြားဝင် စုံစမ်းပေးစေလိုကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ကုလသမဂ္ဂနဲ့ ဂျပန်အစိုးရကို အရေးဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရော၊ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဆီကိုပါ တိုက်ရိုက် ဆက်သွယ်ခဲ့ပြီး ထိုင်းနဲ့ နယ်စပ်တလျှောက် ကမ္ဘောဒီးယားက မြေမြှုပ်မိုင်းတွေ ထောင်နေတဲ့အပေါ် စုံစမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မြေမြှုပ်မိုင်းတွေကို အသုံးပြုနေခြင်းက ကမ္ဘောဒီးယား အနေနဲ့ အော့တာဝါ ကွန်ဗန်းရှင်း စာချုပ်ကို အတိအလင်း ချိုးဖောက်တဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ထိုင်းဖက်က စွပ်စွဲထားပါတယ်။ နယ်စပ်က မြေမြှုပ်မိုင်းတွေကြောင့် ထိုင်းစစ်သားတွေ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတဲ့ထိ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေတယ်လို့လည်း မာရစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုသီတင်းပတ် အစောပိုင်းမှာတင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ ကင်းလှည့်ရင်း မိုင်းနင်းမိရာက ထိုင်းစစ်သားတစ်ဦး ခြေထောက်ပြတ်သွားခဲ့တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။ ဒါဟာ ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ မြေမြှုပ်မိုင်းကြောင့် ထိုင်းစစ်သားတွေ ခြေထောက်တစ်ဖက် ဆုံးရှုံးတဲ့ စတုတ္ထမြောက် ဖြစ်စဉ်လို့လည်း ဆိုပါတယ်။

မာရစ်က ဂျပန် နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါယာနဲ့ ဖုန်းပြောချိန်မှာတော့ အော့တိုဝါ ကွန်ဗန်းရှင်း သဘောတူညီမှုတွေကို အခြေပြုပြီး ကမ္ဘောဒီးယားရဲ့ လုပ်ရပ်တွေကို ပြန်လည် ဆန်းစစ် အရေးယူပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘာလန်ကူရာကလည်း ကမ္ဘောဒီးယားဆီ အထောက်အပံ့တွေ ပေးပို့နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေ အနေနဲ့ ကမ္ဘောဒီးယားရဲ့ လုပ်ရပ်တွေကို ကနဦး သေချာ ဆန်းစစ်ပြီးမှ လှူဒါန်းထောက်ပံ့မှုတွေကို ဆုံးဖြတ်ဖို့လည်း တိုက်တွန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

မာရစ်ကတော့ သူဟာ ကမ္ဘောဒီးယား အနေနဲ့ မိုင်းရှင်းလင်းရေးဆိုင်ရာ သဘောတူညီမှုတွေကို လေးစားလိုက်နာပေးရေး ဖိအားပေးဖို့ မလေးရှားနဲ့ စင်ကာပူ အစိုးရတွေကိုလည်း စကားပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အော့တာဝါ ကွန်ဗန်းရှင်းရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ ဂျပန်တို့ကို ဆက်သွယ် အရေးဆိုခဲ့တယ်လို့လည်း မာရစ်က အတည်ပြုသွားပါတယ်။

တစ်ဖက်မှာတော့ ကမ္ဘောဒီးယားက ထိုင်းစစ်တပ်တွေဟာ ကမ္ဘောဒီးယား ပိုင်နက်ကို နယ်ကျွံကျူးကျော်ခဲ့တယ်လို့ စွပ်စွဲပေမယ့် အဲဒီစကားအတွက် ခိုင်မာတဲ့ ဘာအထောက်အထားမှ မရှိဘူးလို့ မာရစ်က ဆိုပါတယ်။ ဒါပေမဲ့ ထိုင်းကတော့ ကမ္ဘောဒီးယားတပ်တွေက ရန်စတဲ့သဘော မိုင်းထောင်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ အထောက်အထားတွေ တင်ပြနိုင်တယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေစကြို-ပခုက္ကူလမ်းပိုင်းမှာ စစ်တပ်က မြေမြုပ်နင်းမိုင်းတွေ ထောင်ထားတယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းပြဿနာက ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။