Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ဘုန်းကြီးကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၈ဦးသေဆုံး

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် မိုးကုတ်မြို့အားစစ်ကောင် စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၈ဦးသေဆုံးပြီး ၇ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ယနေ့ ဩဂုတ် ၁၅ရက်တွင် သတင်းထုတ်ပြန်သည်။

မိုးကုတ်မြိုအရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီး ကျောင်း အား လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA ၊ CJ

ဩဂုတ်-၁၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် မိုးကုတ်မြို့အားစစ်ကောင် စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၈ဦးသေဆုံးပြီး ၇ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ယနေ့ ဩဂုတ် ၁၅ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ည ၈နာရီခွဲကမိုးကုတ်မြိုအရှေ့ပိုင်း၊ရွှေကူရပ်ကွက်ရှိ လင်းရောင် ခြည်ဘုန်းကြီးကျောင်းအား ပေါင် ၅၀၀ ဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်များလည်း ပျက်စီးခဲ့ရဟု အသိပေးသည်။

ယမန်နေ့ညကမိုးကုတ်မြို့လေကြောင်းတိုက်ခိုက်ခံရ၍ သေဆုံးသူများ၏ ရုပ်အလောင်းမှတ်တမ်းဓာတ်ပုံကိုဖော်ပြရာ ကလေးငယ်အချို့ လည်း လေကြောင်းတိုက်ခိုက်ခံရ၍ သေဆုံးခဲ့သည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည်သြဂုတ်၉ရက်ကလည်းမိုးကုတ်မြို့အရှေ့ပိုင်းရှိ ကျောက်နဂါး ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခဲ့ရာ ကိုရင် တစ်ပါးအပါအဝင် ငါးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည်TNLA သိမ်းပိုက်ထားသည့် မြို့ရွာများအား လေကြောင်းစစ်ဆင်ရေးများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ယခုဩဂုတ်အတွင်း TNLAနယ်မြေဖြစ်သော မိုးကုတ် ၊ ကျောက်မဲ၊ သီပေါမြို့များအားလေကြောင်းတိုက်ခိုက်ခဲ့၍ကလေးငယ်နှင့်သံဃာများအပါ အဝင် ပြည်သူ သေဆုံးထိခိုက်မှုများစွာရှိခဲ့သည်။

မိုးကုတ်မြို့တွင် (၂)ကြိမ်၊ ကျောက်မဲမြို့နယ်တွင် (၁)ကြိမ်၊ သီပေါမြို့တွင် (၂)ကြိမ်ဖြင့် ဗုံးများကြဲချခဲ့ရာ ကလေး သုံးဦး၊ သံဃာတော် နှစ်ပါး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၁၁ဦး စုစုပေါင်း ၁၇ ဦးသေဆုံးကာ သံဃာတော် တစ်ပါး၊ အမျိုးသမီး ငါးဦးနှင့် အမျိုးသား ၁၄ဦး စုစုပေါင်း ၂၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ထို့ပြင် နေအိမ် (၂၆)အိမ်၊ စာသင်ကျောင်း တစ်ကျောင်း၊ ကား လေးစီး၊ ဆိုင်ကယ် သုံးစီးလည်း ထိမှန်ပျက်စီးခဲ့ဟု အသိပေးသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLAက နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ဆွဲလဲအိုကျေးရွာဘုန်းကြီးကျောင်းမှာ တရားစခန်းကျင်းပနေတဲ့ ဓမ္မာရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်တွေအပါအဝင် သေဆုံးသူ ၂၀ကျော် ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

သတင်း

ကျောင်းထိုင်ဆရာတော်အပါအဝင် ၁၂ ဦးသေဆုံး၊ ၂၀ ဦးခန့်ဒဏ်ရာရ

Facebook