Connect with us

Hi, what are you looking for?

သတင်း

ငဖဲမြို့နယ်တိုက်ပွဲ စစ်ကောင်စီအလောင်း ၂၀ ခန့်နှင့် လက်နက်ခဲယမ်းသိမ်းရဟု AA ထုတ်ပြန်

မကွေးတိုင်းဒေသကြီး၊ ငဖဲမြိုနယ်၊ စွန်တက် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၂၀ ခန့်နှင့် စစ်အသုံးအဆောင်များ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ဩဂုတ် ၁၅ရက် ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

၂၀၂၄နှစ်ဆန်း ရခိုင်ဒေသတိုက်ပွဲများတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ဓာတ်ပုံ-Arakan Princess Media

ဩဂုတ်-၁၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

မကွေးတိုင်းဒေသကြီး၊ ငဖဲမြိုနယ်၊ စွန်တက် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၂၀ ခန့်နှင့် စစ်အသုံးအဆောင်များ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ဩဂုတ် ၁၅ရက် ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံတပ်များမှ ထိုးစစ်ဆင်တိုက်ခိုက်လာ၍ ဩဂုတ် ၁၄ရက် နေ့လည်တွင် တိုက်ပွဲဖြစ်ခဲ့ဟု ဆိုသည်။

စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာ စာမျက်နှာများတွင် အလူးအလဲ အထိနာနေသည့် စစ်ရှုံးဖက် ဆစ်စစ်ကောင်စီတပ်မှ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေသောသူများကို အာရက္ခတပ်တော်မှ လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများ မှတ်တမ်းကိုလည်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် AA အနေဖြင့် တိုက်ပွဲများရပ်တန့်ခြင်းမရှိဘဲ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိကြောင်း အသိပေးသည်။

မျှော်မှန်းထားသော စစ်ရေးရည်မှန်းချက်များ အလုံးစုံ အထမြောက်စေရန်အတွက် ရန်သူနှင့်ရင်ဆိုင်ထားသောနေရာများ၌ ရပ်တန့်ခြင်း မရှိသေးသည့် တိုက်ပွဲများနှင့်အတူ အပြီးသတ်မြိုသိမ်းတိုက်ပွဲများအဖြစ် ကျန်ရှိနေသေးသော နေရာများ၊ ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက် ရန်သူ့ထိုးစစ်များကို ခုခံဆင်နွှလျက်ရှိသော နေရာများ ဖြစ်ကြသည့် ရက္ခိုင်-မကွေးတိုင်းအစပ်၊ ရက္ခိုင်-ပဲခူးတိုင်းအစပ်၊ ရက္ခိုင်- ဧရာဝတီတိုင်း အစပ်များနှင့် အာရက္ခတပ်တော် လှုပ်ရှားအခြေပြုရာ အခြားသောနေရာများ၌ တိုက်ပွဲများ ရပ်တန့်ခြင်းမရှိဟု ထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း ခုခံစစ်၊ ထိုးစစ်၊ လှုပ်ရှားစစ်၊ ရွေ့လျားစစ်များနှင့်အတူ ဟန်ချက်ညီ တိုက်ပွဲများမှတစ်ဆင့် စစ်ရေးရည်မှန်းချက်များ အပြည့်အဝ အကောင်အထည်ဖော် တိုက်ပွဲများ နေ့တိုင်းဆက်လက်ရှိနေဟု ဆိုသည်။

AAသည် ၂၀၂၃ နှစ်ကုန် နိုဝင်ဘာ ၁၃ရက်ကစ၍ ရက္ခိုင်ဒေသ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့ရာ တနှစ်နှင့် ၉လခန့်အတွင်း ချင်းပြည်နယ် ပလက်၀၊ ရခိုင်ပြည်နယ် မြို့နယ် ၁၄ခုတို့ကို သိမ်းပိုက်ထားပြီး ဖြစ်ကာ ကျောက်ဖြူ၊ စစ်တွေ မြို့များ သိမ်းနိုင်ရေး ဆက်လက်ကြိုးပမ်းနေသည်။

AA အနေဖြင့် ရက္ခိုင်ပြည်နယ်တခုလုံးအပြီးသတ်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်လိုပါက အသက်အန္တရာယ် လုံခြုံရေးအတွက် အာမခံကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဖိတ်ခေါ် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။