Connect with us

Hi, what are you looking for?

သတင်း

ရှမ်းပြည်၌ တကျော့ပြန် ရေဘေးကြုံ

ရှမ်းပြည်နယ်မြောက်ပိုင်းမှလောက်ကိုင်မြို့အပါအဝင်ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ဒေသအချို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှတာချီလိတ်မြို့တွင် မိုးကြီးပြီးနောက် ရေးဘေးတကျော့ပြန်ရင်ဆိုင်နေရသည်။

ဩဂုတ်−၁၆၊၂၀၂၅။အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းမှလောက်ကိုင်မြို့အပါအဝင်ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ဒေသအချို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှတာချီလိတ်မြို့တွင် မိုးကြီးပြီးနောက် ရေးဘေးတကျော့ပြန်ရင်ဆိုင်နေရသည်။

လောက်ကိုင်မြို့တွင်ဩဂုတ် ၁၃ ရက်ညနေကစ၍ရုတ်တရက်မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မြို့တွင်းနေရာအချို့၌ ရေလျှံမှုဘေးအန္တရာယ် ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

မိုးရွာသွန်းပြီး မိနစ်ပိုင်းအတွင်း အနိမ့်ပိုင်းနေရာများနှင့် လမ်းဆုံများတွင် ရေများပြည့်လျှံကာ အချို့နေရာများ၌ ရေအလွန်မြင့်တက်လာခဲ့သလို ပတ်ဝန်းကျင်ရှိ ဆိုင်များနှင့်နေအိမ်များ ရေနစ်မြုပ်ခဲ့ပြီး ကားအချို့လည်း ရေစီးနှင့် မျောပါသွားခဲ့ကြောင်းMNDAAက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်ဇူလိုင်ကလည်းလောက်ကိုင်မြို့၌ရေဘေးကြုံတွေ့ခဲ့ပြီး လူလေးဦးထက်မနည်းသေဆုံးခဲ့သည်။လောက်ကိုင်မြို့တွင် နှစ်လဆက်ရေဘေးကြုံတွေ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင် လူသေဆုံးမှုမရှိကြောင်း MNDAAက ထုတ်ပြန်သည်။

လက်ရှိ ရေဘေးအတွင်း လောက်ကိုင်မြို့ ဝရောင်လမ်းပိုင်းသည် ထိခိုက်မှုပြင်းထန်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများပြားသည်ဟု ဆိုသည်။

ထို့အပြင် သိန္နီခရိုင် ကန်မုံးမြို့နယ် ဟိုလီကျေးရွာအုပ်စု ဖာဆန်ရွာ၌လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဘေးအန္တရာယ်ဖြစ်ပွားခဲ့ပြီး နေအိမ်များနှင့်ယာဉ်အချို့ ပျက်စီးခဲ့သည်ဟု သတင်းရရှိသည်။

သြဂုတ် ၁၄ရက်နံနက်အထိ ပြည်ထောင်စုလမ်းမ၊ မိုင်တိုင်အမှတ် (၃၉)မှ ကွမ်းလုံတံတားထိပ် ဆင်ကျိုက်ကျေးရွာအထိလမ်းပိုင်းတွင် နေရာအနှံ့အပြား မြေပြိုမှုအနည်းငယ်ဖြစ်ပေါ်ခဲ့ပြီး လမ်းယာယီပိတ်ဆို့သွားခဲ့သည်ဟု MNDAAက သတင်းထုတ်ပြန်ထားသည်။

လက်တလော ရှမ်းပြည်နယ်အတွင်း ပုံမှန်ထက်မိုးကောင်းနေပြီး တာချီလိတ်မြို့တွင်လည်း မြို့ပေါ်ရပ်ကွက်များ ရေဝင်နေသည်ဟု ဒေသခံအချို့က ပြောသည်။

ယနေ့ ဩဂုတ် ၁၆ရက် နံနက်တွင် တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ငွက် ဆန်ဆိုင်း(က)ရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက်တို့ရှိ နေအိမ်များနှင့် လမ်းများအတွင်း ရေများဝင်ရောက်နေကြောင်း ဒေသခံများကပြောသည်။

ရှမ်းပြည်နယ်တွင် ပြီးခဲ့သည့်ဇူလိုင်ကဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၌လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လူသေဆုံးမှုရှိခဲ့သည်။

ထို့အပြင် ဇူလိုင်၂၇ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် တောင်ကျရေကြောင့် လူရှစ်ဦးသေဆုံးပြီး အိမ်အများအပြား ပျက်စီးခဲ့သည်။

လက်ရှိတွင် အင်းလေးဒေသ၌လည်း ပုံမှန်ထက် မိုးကောင်းနေပြီး ရေဘေးအန္တရာယ်ကို စိုးရိမ်နေကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်ထားသည့်ရာသီဥတုသတိပေးချက်တွင် သြဂုတ် ၁၇ရက်အထိ မြန်မာနိုင်ငံဒေသအများစု မိုးကောင်းနိုင်ကြောင်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။