Connect with us

Hi, what are you looking for?

News

CIAအကြီးအကဲ ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီး မြန်မာ့လုံခြုံရေးဆွေးနွေး

သတင်းမထုတ်ပြန်တဲ့တွေ့ဆုံမှုမှာ ထိုင်းဝန်ကြီးချုပ်ဟာ Mr Cohen ကို အစိုးရအိမ်တော်မှာ ၄၅ မိနစ်ခန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ သတင်းမီဒီယာတွေကိုတော့ သတင်းရယူခွင့်မပေးခဲ့ပါဘူး။

ဓာတ်ပုံ - ဘန်ကောက်ပို့စ်

အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA)ဒုတိယအကြီးအကဲ David Cohenဟာ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး မြန်မာ နိုင်ငံရဲ့လုံခြုံရေးအခြေအနေအပါအဝင် အကြောင်းအရာများစွာဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ်နဲ့ CIA အကြီးအကဲတို့ရဲ့တွေ့ဆုံမှုမှာ ဒေသတွင်းတည်ငြိမ်းရေး၊ မြန်မာနိုင်ငံအခြေအနေနဲ့ အိမ်နီးချင်း(မြန်မာ)နိုင်ငံမှာ ထိခိုက်ခံစားနေရသူတွေကို အကူအညီပေးရေး ကိစ္စရပ်တွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အစိုးရအိမ်တော်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်းမထုတ်ပြန်တဲ့တွေ့ဆုံမှုမှာ ထိုင်းဝန်ကြီးချုပ်ဟာ Mr Cohen ကို အစိုးရအိမ်တော်မှာ ၄၅ မိနစ်ခန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ သတင်းမီဒီယာတွေကိုတော့ သတင်းရယူခွင့်မပေးခဲ့ပါဘူး။

တွေ့ဆုံမှုမှာ စီးပွားရေးလုံခြုံရေး၊ ထိုင်း-အမေရိကန်ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များနဲ့ ထိုင်းက အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး(Apec)ဥက္ကဌတာဝန်ယူချိန်မှာ အမေရိကန်ရဲ့ ကူညီထောက်ပံ့ရေးကတိကဝတ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် CIA ဒုတိယအကြီးအကဲဟာ ထိုင်းခရီးစဉ်အပြီး နောက်ထပ်အာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ဟာ နေပြည်တော် ကိုလာရောက်ပြီး အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

သတင်း

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။

သတင်း

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အကြီးအကဲက ရုရှားကို သွားရောက်ခဲ့တာဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေကို ရုရှားက တိုက်ခိုက်မလာအောင် သတိပေးဖို့ဖြစ်ကြောင်း အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အကြီးအကဲဟာ ကြိုတင် ထုတ်ပြန်မထားတဲ့ ခရီးစဉ်အဖြစ် ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ဆီ သွားရောက်ခဲ့ပါတယ်။