Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်တိုက်ပွဲ စစ်တပ်တင့်ကား ၁စီးကို KIA ထပ်မံ ပစ်ခတ်ဖျက်ဆီးဟု ကချင်သတင်းရင်းမြစ်ပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ ယနေ့(ဩဂုတ် ၂၀ရက်)တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တင့်ကား ၁စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

၂၀၂၅ နှစ်ဆန်းပိုင်းက ဗန်းမော်တိုက်ပွဲအတွင်း စစ်တပ်ထံမှ KIA သိမ်းဆည်းရရှိထား​သော သံချပ်ကာ ၁ စီး။ဓာတ်ပုံ − The Kachin Net

ဩဂုတ်−၂၀၊ ၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ ယနေ့(ဩဂုတ် ၂၀ရက်)တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တင့်ကား ၁စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဗန်းမော်မှာ နေ့လည် ၁နာရီအချိန်လောက် စခတင့်ကား တစီးကို ပစ်ခတ်ဖျက်စီးနိုင်ခဲ့ပြီ။ မြို့ထဲမှာဖြစ်တဲ့တိုက်ပွဲ။ တင့်ကားလက်ကျန် ၂စီးနဲ့လိုက်လံပစ်ခတ်နေတာကြာပီ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

KIA ပူးပေါင်းတပ်ဖွဲ့သည် မြို့သိမ်းစစ်ဆင်ရေးစတင်ခဲ့သည့် ယခု ၂၀၂၅နှစ်ဆန်းပိုင်းကတည်းက ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅၀၁၄) တင့်ကားတပ်ရင်း၊ အမှတ်(၇၀၀၆) သံချပ်ကာ တပ်ရင်းများကို သိမ်းပိုက်ခဲ့ရာ သံချပ်ကာယာဉ် ၇စီးထက်မနည်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ သံချပ်ကာယာဉ်များ သိမ်းပိုက်ထားနိုင်မှုကို KIAက ယခင်ကတည်းက အတည်ပြုထားသည်။

KIA ထပ်မံဖျက်ဆီးလိုက်သည်ဆိုသည့် တင့်ကားနှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

” အခုတလောက ဗန်းမော်မြို့တွင်းမှာ ကျနော်တို့ သိမ်းတဲ့စခန်းတွေမရှိသလို ကျနော်တို့ ဆုတ်သွားတဲ့ စခန်းတွေလည်း မရှိပါဘူး။ လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ ပုံတွေက အဟောင်းတွေပါ။ Fake တွေပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်မြို့လက်ရှိစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ယနေ့ (ဩဂုတ် ၂၀ရက်) နေ့လည်ပိုင်း၌ ဖြေကြားသည်။

စစ်ကောင်စီသည် ဩဂုတ်လဆန်းက စစ်သင်္ဘောများ ဗန်းမော်မြို့သို့ ဆိပ်ကပ်လာပြီးနောက်အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)၌ စုပုံထားသည့် လက်နက်ခဲယမ်းများကို ဗန်းမော်ရှိ လက်ကျန်တပ်စခန်းများ၌ ဖြန့်ဝေရန် စစ်ကြောင်းထိုးတိုက်ခိုက်နေရာ KIAနှင့် နှစ်ပတ်ကြာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။