Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်မှာ ပအဖ တာဝန်ခံအပါအဝင် ၁၃ဦးကို ငွေကြေးအလွဲသုံးစားမှုနဲ့ NUG ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ခံအပါအဝင် ၁၃ဦးကို ငွေကြေးအလွဲသုံးစားကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − Kani PDF

ဩဂုတ်-၂၅၊၂၀၂၅။​နေ့သစ်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ခံအပါအဝင် ၁၃ဦးကို ငွေကြေးအလွဲသုံးစားကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံအပါ
အဝင် ၁၃ဦး ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်းကို NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားတဲ့ ဒုဝန်ကြီးဦးကျော်နီ ၊ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေ နဲ့ NUG ဝန်ကြီးချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်တို့က လူထုနွေဦးကို အတည်ပြုပါတယ်။

“ဖမ်းတာမှန်တယ်။ NUG ညွှန်ကြားချက်နဲ့ ဖမ်းတာပါ။အခွန်အကောက်အလွဲသုံး တိုင်ကြားမှုတွေကို စစ်ဆေးပြီး ပေါ်ပေါက်မှုတွေအရဖမ်းဆီးခိုင်းလိုက်တာပါ။ စစ်ဆေးပြီး အရေးယူရမှာပါ။တပ်ရင်းတွေက သူ့ဟာသူလုပ်လို့မရပါဘူး”လို့ ဒုဝန်ကြီးဦးကျော်နီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေ “ကနီမှာက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဝင်တစ်ချို့ကို တော်လှန်ရေးငွေကြေးနဲ့ ပြည်သူပိုင်ငွေကြေးတွေကို စီမံခန့်ခွဲတဲ့ ကိစ္စတွေမှာ အလွဲသုံးစားလုပ်တာတွေ ရှိတယ်ဆိုပြီးတော့ ကျွန်တော်တို့ အမျိုးသားညီညွှတ်ရေးအစိုးရကို တိုင်ကြားခဲ့တာရှိတယ်။ အဲဒီ တိုင်ကြားတာနဲ့ ပတ်သက်ပြီးတော့ ကနဦးစုံစမ်းစစ်ဆေးရေး အဖွဲ့တွေဖွဲ့ပြီးစစ်ခဲ့တာရှိတယ်”လို့ ပြောပါတယ်။

အဲဒီ စစ်ဆေးတွေ့ရှိချက်တွေကို ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်နေ့ကလုပ်တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဗဟိုကော်မတီ အစည်းအဝေးကိုတင်ပြခဲ့တာလို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။

“အဲဒီ့မှာတင်ပြတော့ အစည်းအဝေးဆုံးဖြတ်ချက်အရ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ အပါအဝင် (၁၃) ဦးကို ကျွန်တော်တို့ထပ်ပြီးတော့ အသေးစိတ်စစ်ဆေးရဖို့ ပြည်သူပိုင်ငွေကြေးတွေကို စီမံခန့်ခွဲတဲ့ကိစ္စတွေမှာ အလွဲသုံးစားလုပ်မှု ရှိနိုင်တဲ့အတွက်ကို တိတိကျကျစိစစ်ရဖို့ဖြစ်လာတယ်။ ညွှန်ကြားလာတယ်။အဲဒီ့ညွှန်ကြားချက်အရပဲ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ယင်းမာပင်ခရိုင်ကွပ်ကဲရေးအဖွဲ့ ၊ယင်းမာပင်ခရိုင်ကွပ်ကဲရေးအဖွဲ့ဆိုတာက ခရိုင်ပကဖတွေ၊ ခရိုင် PDF တပ်ရင်းတွေပါတယ်”လို့ ၎င်းက ဆက်ပြောပါတယ်။

NUG ဝန်ကြီးချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်ကလည်း “တိုင်ကြားမှုတွေကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာမှာ တွေ့ရှိချက်တွေအရ ဆက်လက်စစ်ဆေးပြီး အရေးယူဆောင်ရွက်ဖို့ လိုအပ်တာကြောင့် ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ခံအပါအဝင် (၁၃) ဦးကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီရဲ့အမိန့်နဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ အသေးစိတ်စစ်ဆေးတွေ့ရှိချက်တွေအပေါ်မူတည်ပြီး ဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”လို့အတည်ပြု​ပေးပါတယ် ။

ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအပါအဝင် (၁၃)ဦးကိုဖမ်းဆီးချုပ်နှောင်ခြင်းနဲ့အချုပ်တရားခံထွက်ပြေးခြင်းဆိုင်ရာလုပ်ထုံးတွေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းဖို့ညွှန်ကြားပြီးဩဂုတ် ၂၄ရက်မှာ ဖမ်းဆီးထိန်းသိမ်းထားတာလို့ ဦး​မောင်​မောင်​​ဆွေက ဆက်ပြောပါတယ်။

“သူတို့ကို အမျိုးသားညီညွှတ်ရေးအစိုးရအနေနဲ့ ဆက်လက်ပြီးတော့ ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ရှိတယ်။ ပေါ်ပေါက်ရင်တော့ အရေးယူသွားဖို့ရှိပါတယ်”လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။

ယင်းမာပင်ခရိုင်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကလည်း အခုလိုပြုပြင်ပြောင်းလဲရေးလုပ်တာကိုကြိုဆိုတယ်လို့​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။