Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲမရှိဘဲ ကျိုက်ထိုမြို့နယ်မှာ ဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် ကျိုက်ထိုမြို့နယ် ချမ်းမြေ့စုရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်လာခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၁) သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ

■ဆွမ်းစားကျောင်းဆောင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး သံဃာ ၇ပါး ထိခိုက်၊ ၂ပါး ပျံလွန်တော်မူ

ဩဂုတ်-၂၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် ကျိုက်ထိုမြို့နယ် ချမ်းမြေ့စုရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်လာခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၁) သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ

ဩဂုတ် ၂၄ရက် နံနက် ၁၀နာရီ ၁၉မိနစ်တွင် သံဃာ ၈ပါး သီတင်းသုံးတော်မူသည့် ချမ်းမြေ့ပါရမီတောရကျောင်း ဆွမ်းစားကျောင်းပေါ် တည့်တည့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့တိုက်ခိုက်ခဲ့ရာ ကျောင်းတိုင်ဆရာတော်မှလွဲ၍ ကျန်သံဃာ ၇ပါး ထိခိုက်ခဲ့ပြီး၂ပါး ပျံလွန်တော်မူခဲ့ကြောင်း KNU တပ်မဟာ(၁) သတင်းရင်းမြစ်က ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရ၍ ထိခိုက်ခဲ့သည့် သံဃာတော်များမှာ သက်ကြီးရွယ်အိုများဖြစ်ပြီး ပျံလွန်တော်မူခဲ့သည့် သံဃာ ၂ပါးအနက် သံဃာတပါးမှာ သက်တော် ၇၂ နှစ်အရွယ်ရှိပြီး ကျန်တပါးမှာ သက်တော် ၅၆နှစ်အရွယ်ဖြစ်သည်။

ဒဏ်ရာရခဲ့သည့် သံဃာတော် ၅ပါးမှာလည်း သက်တော် ၅၆ နှစ်မှ ၆၆ နှစ်အကြား ရှိကြသူများဖြစ်သည်။

စစ်ကောင်စီတပ်သည် သံဃာတော်များ ဆွမ်းစားချိန် ဘုန်းကြီးကျောင်း၏ ဆွမ်းစားဆောင်ကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ရက်ကလည်း KNU သထုံခရိုင် ဘီးလင်းမြို့နယ် မင်းစောရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးများ ဆွမ်းစားနေချိန် ဆွမ်းစားကျောင်းတည့်တည့် ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ဟု KNU သထုံခရိုင်က သတင်းထုတ်ပြန်ထားသည်။ ထိုစဉ်ကလည်း ဆွမ်းကပ်လှူနေသော ကျောင်းဒါယိကာမ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၆၀ အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် ၁၀နှစ်အရွယ် ကိုရင် တပါး ပွဲချင်းပြီး သေဆုံးကာ သံဃာ ၂ပါးနှင့် ကိုရင် ၁ပါး အပါအဝင် ၉ ဦး ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အလှူပွဲလှည့်လည်နေတဲ့ ဆောင်းဘောက်ကားနဲ့ လျှပ်စစ်မီးကြိုးတိုက်မိပြီး လူနှစ်ဦးသေကာ နှစ်ဦး အရေးပေါ်ဆေးကုနေရတယ်လို့ ဒေသခံလူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ရသလို ပြည်သူအချို့ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုဖမ်းဆီးထားဟု KNUက သတင်းထုတ်ပြန်ပါတယ်။