Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်း လေကြောင်းတိုက်ခိုက်မှု သေဆုံးသူထပ်တိုး၊ သေဆုံးသူအမျိုးသမီး ၅ဦးရှိလာ

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂ ဦးထပ်တိုးပြီး စုစုပေါင်း ၅ ဦးအထိရှိလာကြောင်း သတင်းရရှိပါတယ်။

သေဆုံးသူများ၏ ရုပ်အလောင်းများ၊ အလောင်းများအား မီးသင်္ဂြိုလ်နေစဥ်။ ဓာတ်ပုံ InfoCommitteeYesagyo

▪️ဗုံးကြဲတဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့​ဒေသခံ​ပြော

​စက်တင်ဘာ−၁၊ ၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂ ဦးထပ်တိုးပြီး စုစုပေါင်း ၅ ဦးအထိရှိလာကြောင်း သတင်းရရှိပါတယ်။

မနေ့က သြဂုတ် ၃၁ ရက် နေ့လယ် ၁ နာရီခွဲခန့်က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ငတရော်ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးနောက် ဒဏ်ရာပြင်းထန်သူတွေထဲက ၂ဦးဟာ ညပိုင်းမှာ ထပ်မံသေဆုံးခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ၅ ဦးဟာ ငတရော်ရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်မြသင်း၊ ဒေါ်မြသင်း၏ သမီးဖြစ်သူ အသက် ၃၅ နှစ်အရွယ် မယုမွန်ချို၊ အသက် ၇၀ အရွယ် ဒေါ်ခင်မာမြင့်၊ အသက် ၆၃ နှစ်အရွယ် ဒေါ်ဆန်းဝင်းနဲ့ အသက် ၆၁ နှစ်အရွယ် ဒေါ်လှဆန်းတို့ ဖြစ်ပြီး ၎င်းအမျိုးသမီးတွေဟာ နောက်ကျော၊ နဖူး၊လက်မောင်း၊ ခြေထောက်နဲ့ ခန္ဓာကိုယ်နေရာအနှံ့မှာ ပြင်းထန်တဲ့ထိခိုက်မှုတွေရရှိပြီး သေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“လေယာဥ်ပေါ်ကနေ ဗုံးတင်မကဘူး။ စက်သေနတ်နဲ့ပါ ပစ်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ကြဲတဲ့ဗုံးဟာ ပေါင် ၂၅၀ ဗုံးလို့ ယူဆရပြီး ပွိုင့်ဖိုက် နှစ်ဆင့်ကွဲ ကျည်အမျိုးအစားသုံးကာ အရပ်သားတွေကို စက်သေနတ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုကြောင့် အသက် ၄၀ ကျော်နဲ့ ၆၀ အထက် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိထားလို့ ဆေးကုသနေရပြီး အသက် ၈၆ နှစ်အရွယ် အဘွားအိုတဦးပါ ပါဝင်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။