Connect with us

Hi, what are you looking for?

သတင်း

တောင်ဥက္ကလာပမြို့နယ်မှာအမျိုးသားတစ်ဦးဖုန်းလုဓားထိုးခံရ

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်၊ပုဏ္ဏမီကားမှတ်တိုင်အနီးတွင် အမျိုး သားတစ်ဦးဖုန်းလုယက်ဓားထိုးခံရ၍သွေးထွက်လွန်နေသောကြောင့်သွားရောက်ကူညီခဲ့ရကြောင်းမေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားသည်။

ပုဏ္ဏမီ ကားမှတ်တိုင်အနီးတွင် ဓားထိုးခံရသည့်အမျိုးသားကို ဆေးရုံပို့ရန် ပြင်ဆင်နေစဉ် ဓာတ်ပုံ − မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်း

စက်တင်ဘာ-၃၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်၊ပုဏ္ဏမီကားမှတ်တိုင်အနီးတွင် အမျိုး သားတစ်ဦးဖုန်းလုယက်ဓားထိုးခံရ၍သွေးထွက်လွန်နေသောကြောင့်သွားရောက်ကူညီခဲ့ရကြောင်းမေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားသည်။

စက်တင်ဘာ၂ ရက်ည၉နာရီခန့်တွင်တောင်ဥက္ကလာပမြို့နယ်သစ္စာလမ်းမပေါ် ပုဏ္ဏမီမှတ်တိုင် အနီး၌ အမျိုးသားတဦး ဖုန်းလုယက်ခံရသောကြောင့် ပြန်လည်ခုခံခဲ့ရာ ဖုန်းလုသူက ဓားဖြင့်ထိုးသွားခြင်းဖြစ်ကြောင်း ယင်းအသင်းက အသိပေးထားသည်။

အဆိုပါအမျိုးသားသည်၎င်း၏ဖြစ်စဉ်ကိုတိုင်ကြားရန်အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်စဉ်သွေးထွက်လွန်၍လဲကျနေကြောင်းသတင်းရရှိသော ကြောင့်သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဓားထိုးခံရသူကိုရှေးဦးသူနာပြုစုပေးခဲ့ပြီးမြောက်ဥက္ကလာပဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁ ရက်ကလည်းလှိုင်မြို့နယ်၌အသက်မပြည့်သေးသည့် လူငယ်နှစ်ဦးကပစ္စည်းလုယူမှုဖြစ်စဉ်ရှိခဲ့ပြီး အသက်မပြည့်သေးသော ကြောင့်ဟုဆိုကာ အမှုမဖွင့်ပဲ ကြေအေးပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့မန္တလေးမှာအခုရက်ပိုင်းအတွင်းလမ်းသွားလမ်းလာခရီးသွားတွေကိုအသက်အန္တရာ​​ယ်ပြုပြီးလုယက်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းက ကုန်သည်တစ်ဦးဆီကနေ လုယက်မှုကျူးလွန်သူတွေဟာ သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့တပည့်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဖြစ်နေကြောင်းမြို့ခံတွေကပြောပါတယ်။

သတင်း

အငြိမ်းစားကျောင်းဆရာမတစ်ဦး လုယက်သတ်ဖြတ်ခံရ

Facebook