Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ရောက် စစ်သင်္ဘောအုပ်စု ယနေ့ ပြန်လည်ထွက်ခွာသွားဟု KIAပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူအင်အား၊ စစ်လက်နက်ခဲယမ်းများပို့ဆောင်သည့် စစ်သင်္ဘောအုပ်စု ယနေ့(စက်တင်ဘာ ၅ရက်)နံနက်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘောအုပ်စုမှ တစ်စီးအား ဇူလိုင်၂၂ရက်က တွေ့ရစဉ် ဓာတ်ပုံ - ဌေးကိုကို

◾️ဗန်းမော်မြို့ခံများ၏ ပစ္စည်းများခိုးယူ သယ်ဆောင်သွားဟုဆို

စက်တင်ဘာ−၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူအင်အား၊ စစ်လက်နက်ခဲယမ်းများပို့ဆောင်သည့် စစ်သင်္ဘောအုပ်စု ယနေ့(စက်တင်ဘာ ၅ရက်)နံနက်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

ဩဂုတ် ၁ရက်တွင် ဗန်းမော်မြို့သို့ ရောက်ရှိလာသည့် စစ်သင်္ဘောများသည် တလကျော်အကြာတွင် ပြန်လည်စုန်ဆင်းသွားခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“တချို့တွေက ၉စီး၊ တချို့တွေက ၁၀စီးလို့ပြောတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ဗန်မော်မြို့မှ ပြန်ဆင်းသွားသည့် စစ်သင်္ဘောအရေအတွက်ကို ပြောသည်။

အဆိုပါ စစ်သင်္ဘောများကို အလာခရီးကဲ့သို့ KIAဘက်က တိုက်ခိုက်မှု ပြုလုပ်မည့်အလားအလာကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက “အဲဒါကတော့ အခုထက်ထိကတော့ အသံမကြားဘူး”ဟု ပြောသည်။

စစ်သင်္ဘောအုပ်စုသည် ဇူလိုင်လကုန်ပိုင်းတွင် ရွှေကူမှ ဗန်းမော်မြို့သို့သွားရောက်စဉ် KIA၏ တိုက်ခိုက်မှုကြောင့် သင်္ဘော ၆စီး ထိခိုက်ပျက်စီးခဲ့သည်။

ဗန်မော်မြို့မှယနေ့နံနက်၇နာရီက ပြန်လည်ထွက်ခွာသွားသည့် စစ်သင်္ဘောများကို လေယာဉ်ဖြင့် လုံခြုံရေးယူပေးလျက်ရှိကြောင်း ကချင်သတင်းရင်းမြစ်တဦးက အသိပေးထားသည်။

ထို့ပြင် ဗန်းမော်မြို့ခံများ၏ ပစ္စည်းများခိုးယူပြီး အဆိုသင်္ဘောများဖြင့် သယ်ဆောင်သွားကြောင်းလည်း ကချင်သတင်းရင်းမြစ်က ဆိုသည်။

“ပြည်သူလူထုရဲ့ ပစ္စည်းတွေယူသွားတယ်လို့ ကြားတယ်။ ဒါပေမဲ့ ဒါက ကွန်ဖန်းတော့ မဖြစ်ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူကလည်း ပြောသည်။

စစ်ကောင်စီတပ်သည် ဗန်းမော်မြို့သို့ သင်္ဘောအုပ်စုရောက်ရှိပြီးနောက် လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှုများနှင့်အတူ မြေပြင်ထိုးစစ်ဆင်မှုလုပ်ဆောင်ခဲ့၍ KIA နှင့် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

\

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဝဲမဒေသအနီးက စစ်တပ်စစ်ကြောင်းတွေ စက်တင်ဘာ ၂၃ရက်မှာ ပြန်ဆုတ်ခွာသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

Facebook