Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားက နည်းပညာသစ် ဒုံးကျည်အင်ဂျင် စမ်းသပ်

နည်းပညာသစ်နဲ့ တည်ဆောက်ထားတဲ့ ဒုံးကျည် အင်ဂျင်တစ်ခုကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - KCNA

နည်းပညာသစ်နဲ့ တည်ဆောက်ထားတဲ့ ဒုံးကျည် အင်ဂျင်တစ်ခုကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။

လောင်စာတောင့် နည်းပညာ အသုံးပြုထားတဲ့ အဲဒီအင်ဂျင်ဟာ တာဝေးပျံသန်းနိုင်ပြီး နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်နိုင်တဲ့ မဟာဗျူဟာ တိုက်ချင်းပစ်ဒုံးကျည် (ICBM)တွေမှာ တပ်ဆင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ နျူကလီးယား လက်နက် နည်းပညာတွေကို အဆင့်မြှင့်တင် ချဲ့ထွင်နေပြီး အဲဒီ အားထုတ်မှုရဲ့ အရေးပါတဲ့ ခြေလှမ်းအဖြစ် စက်တင်ဘာ ၈ ရက်နေ့မှာ ဒုံးကျည် အင်ဂျင်အသစ်ကို စမ်းသပ်ခဲ့တာပါ။

ကာဘွန်ဖိုင်ဘာ အစိတ်အပိုင်း အများစုနဲ့ တည်ဆောက်ထားပြီး တွန်းကန်အား ၁၉၇၁ ကီလိုနယူတန်ထိ ထုတ်ပေးနိုင်မယ့် အဲဒီ ဒုံးကျည် အင်ဂျင်အသစ် စမ်းသပ်မှုကို နိုင်ငံရဲ့ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအွန်းကိုယ်တိုင် တက်ရောက် ကြည့်ရှုခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNAက သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ – AP

ကင်မ်ဟာ လဆန်းပိုင်းတုန်းက တရုတ်နိုင်ငံကို ရထားနဲ့ သွားရောက်တဲ့ ခရီးစဉ် မတိုင်ခင်မှာ ကာဘွန်ဖိုင်ဘာ ဒုံးကျည်အင်ဂျင် အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့ စက်ရုံတစ်ခုဆီ အရင်ဆုံး ဝင်ရောက် ကြည့်ရှုခဲ့ပါသေးတယ်။ အဲဒီ အစိတ်အပိုင်းတွေဟာ Hwasong-20လို့ခေါ်တဲ့ မျိုးဆက်သစ် အစွမ်းထက် ဒုံးကျည်အသစ်တွေ တည်ဆောက်ရာမှာ အသုံးပြုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အင်ဂျင်စမ်းသပ်မှု အောင်မြင်ခဲ့တဲ့နောက် မြောက်ကိုရီးယားဟာ နှစ်ကုန်ပိုင်း၊ ဒါမှမဟုတ် နောက်နှစ် အစောပိုင်းလောက်မှာ မျိုးဆက်သစ် ICBM ပစ်လွှတ်တာမျိုး ရှိလာနိုင်တယ်လို့ စစ်ရေး သုတေသီတွေက ခန့်မှန်းထားပါတယ်။ လာမယ့် နှစ်ဆန်းပိုင်းလောက်မှာ အာဏာရ အလုပ်သမား ပါတီရဲ့ အထွေထွေ ညီလာခံ ကျင်းပမှာဖြစ်ပြီး ကင်မ်က ပြည်တွင်းရေးနဲ့ နိုင်ငံခြားရေး မူဝါဒအသစ်တွေကို လမ်းညွှန်မှာပါ။ အဲဒီ ညီလာခံ ကာလတဝိုက်မှာ ကင်မ်အနေနဲ့ နိုင်ငံရဲ့ စစ်ရေးနည်းပညာ အဆင့်မြင့်မားမှုကို ထုတ်ပြနိုင်ခြေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြောက်ကိုရီးယားဟာ ICBM မျိုးကွဲတချို့ကို လက်တွေ့ စမ်းသပ်ခဲ့ပြီး အမေရိကန်နိုင်ငံ ပိုင်နက်ထဲထိ ရောက်ရှိအောင် ပစ်ခတ်နိုင်စွမ်းမျိုး ရှိနေတယ် ဆိုတာကို ပြသခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်နဲ့ ဒုံးကျည် စမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ခံထားရပေမယ့်လည်း ကင်မ်ကတော့ အဲဒီ ဖျက်အားပြင်း လက်နက် နည်းပညာတွေကို အရှိန်အဟုန်မြှင့် ဖန်တီးတည်ဆောက်ဖို့ တွန်းအားပေးထားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။