Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစုဝင်သုံးဦး သေဆုံး

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစုဝင်သုံးဦးသေဆုံးခဲ့ရကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(CTER-Karenni)က ယနေ့ (စက်တင်ဘာ၁၂ရက်) အသိပေးသည်။

စက်တင်ဘာ၁၁ရက် ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် မိသားစုဝင်သုံးဦးကို တွေ့ရစဥ်။ဓာတ်ပုံ − CTER Karenni

စက်တင်ဘာ−၁၂၊ ၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစုဝင်သုံးဦးသေဆုံးခဲ့ရကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(CTER-Karenni)က ယနေ့ (စက်တင်ဘာ၁၂ရက်) အသိပေးသည်။

စက်တင်ဘာ ၁၁ ရက် ည ၁၀နာရီခွဲခန့်တွင် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်တလုံးပေါ် တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ထံမှ ရရှိသည့်အချက်အလက်များအရ ဒီးမော့ဆိုမြို့နယ်အခြေစိုက် ခလရ(၁၀၂)တပ်ရင်း နှင့်ဖရူဆိုမြို့နယ်ရှိ အမှတ်(၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်းတို့မှ လက်နက်ကြီးဖြင့် ခြောက်ကြိမ်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဒေါဘျာကူးကျေးရွာမှ နေအိမ်တစ်လုံးထိမှန်ပြီး အဘွားဖြစ်သူ (၉၁)နှစ်အရွယ် ဒေါ်မီမာ၊ လင်မယားနှစ်ဦးဖြစ်သူ (၄၄)နှစ်အရွယ် ဦးငါးရယ်နှင့် (၃၈)နှစ်အရွယ် ဒေါ်စူးမာ ဖြစ်သူတို့ နေရာတွင် သေဆုံးခဲ့ရသည်။

ထို့အပြင် ကျန်ရစ်ခဲ့သည့် (၁၅)နှစ်၊ (၁၂)နှစ်နှင့် (၉)နှစ်အရွယ်တို့ ကလေးသုံးဦးသည် ခြေထောက်နှင့် မျက်နှာတို့တွင် ထိခိုက်မှုများရ၍ ဆေးကုသနေရကြောင်း အသိပေးသည်။

“အသက် ၁၂ နှစ်အရွယ် မီရယ်ထူး”သည် စိတ်ဒဏ်ရာရရှိခဲ့သည်ဟု IEC၏ အချက်အလက်၌ ပါရှိသည်။

“အမြောက်ကျည်တွေ သူတို့အိမ်ကို ကျသွားတယ်။ မိသားစုတစ်စုက သုံးယောက်လုံး တပြိုင်နက်တည်း သေဆုံးမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ လူသားမဆန်လောက်အောင် ရက်စက်တာပဲ” ဟု ဒေသခံ တဦးက ပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ နေ့စဉ် ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်ပစ်ခတ်မှုများနှင့် ဒရုန်းတိုက်ခိုက်မှုများပြုလုပ်နေသည်ဟု CTER-Karenniက ဆိုသည်။

ထို့အပြင် သြဂုတ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၃၅ဦးသေဆုံးပြီး ၅၀ ဝန်းကျင် ဒဏ်ရာရရှိကြောင်း ကရင်နီလူ့အခွင့်ရေးအဖွဲ့ (KnHRG)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။